Unicode......
တစ်မနက်ခင်းတွင်ကျောင်ဝန်းအတွင်းကိုယ်စီအလုပ်ရှုပ်နေကြသည်။
တစ်ချို့ကျောင်သားကျောင်းသူတွေကဖြေဆိုရမဲ့အခန်းကိုလိုက်ရှာနေခြင်း။တစ်ချို့ကစာပြန်နွေးခြင်း။တစ်စုံတစ်ယောက်ကတော့ ချိန်းထားပြီးရောက်မသွားဖြစ်၍နောက်တစ်နေ့ကနေခုချိန်ထိမတွေ့ရသေးတဲ့တစ်စုံတစ်ယောက်ကိုရှာဖွေနေခြင်း။
Sunghoonတို့ချိန်းထားတဲ့နေ့ဟာကျောင်းနောက်ဆုံးတက်ရမဲ့နေ့ဖြစ်သည်။
ကျန်ရက်များဟာအိမ်မှာပဲစာကြည့်နိုင်အောင်ဆရာမများကကျောင်းပိတ်ပေးကြသည်။
အစကထိုပိတ်ရက်တိုင်းလဲSunghoon Jaeyunနဲ့စာတူတူလုပ်မယ်ဟုစဥ်းစားထားခဲ့သည်။
အဲ့တာကြောင့်လဲHanwonကိုအချိန်မပေးနိုင်တော့တာကြောင့်လမ်းခွဲစကားပြောဖို့ရန်စဥ်းစားခဲ့ခြင်း။
စဥ်းစားခဲ့တဲ့အတိုင်းလဲလမ်းခွဲပြီးခဲ့ပါပြီ။Hanwonကပြသနာမရှာ၍တော်သေးသည်။ပါးတစ်ချက်တော့အရိုက်ခံလိုက်ရသည်။ပြီးတော့စကားတစ်ခွန်းမှမပြောသွားတဲ့Hanwon။
ကျောင်းနောက်ဆုံးနေ့ကနေစပြီးမတွေ့ရသေးတဲ့JaeyunကိုSunghoonလိုက်ရှာနေခြင်းဖြစ်သည်။
Sunghoonစာပို့တော့လဲစာမပြန်။ဖုန်းဆက်တော့လဲဖုန်းမကိုင်။အိမ်ထိသွားတွေ့တော့လဲအိမ်မှာမနေဘူးကွန်ဒိုမှာသွားနေတယ်ဆိုတဲ့Jaeyun။
ကွန်ဒိုကဘယ်မှာလဲမေးတော့သူတို့ကိုလဲကွန်ဒိုမှာသွားနေမယ်ဆိုတာကလွဲကျန်တာဘာမှပြောမသွားလို့မသိဘူးဆိုလို့Sunghoonဒီနေ့ကိုသာထိုင်စောင့်နေခဲ့ရသည်။
Sunghoonရှာနေတဲ့လူခုပဲတွေ့ပါပြီ။ခုမှကျောင်းထဲဝင်လာတဲ့ကောင်လေးဟာခပ်တန်းတန်း။
Sunghoonကိုမြင်လိုက်တာကြောင့်လာရာလမ်းကိုဦးတည်ရာပြောင်းသွားတဲ့Jaeyunကြောင့်Sunghoonနောက်ကပြေးလိုက်ရသည်။
"Jaeyunကိုယ်တောင်းပန်ပါတယ်"
"တောင်းပန်စရာမလိုပါဘူး မင်းလိုလူကိုစာလုပ်ဖို့ပြောခဲ့မိတဲ့ငါကိုကမှားတာပါ"
"ကိုယ်မေ့သွားခဲ့တာပါ တောင်းပန်ပါတယ်"
"မေ့မှာပေါ့ Clubမှာသွားပျော်ပါးနေတာကိုး ငါဘာမှမဖြစ်တာမို့မင်းသွားပါတော့လား ငါစာကြည့်အုန်းမှာမလို့"
YOU ARE READING
My Annoying Classmate//Sungjake(Completed)
FanfictionEN-Fanfic Burmese Language For Donation