Part 3

839 98 2
                                    

Unicode...

တစ်ပတ်အတွင်းမှာပဲ Jaeyunနှင့်အခြားကျောင်းသူကျောင်းသားများသိလိုက်ရသည်က Park Sunghoonဆိုသည့်လူကအရမ်းဆိုးသည်ဆိုသည့်အကြောင်းပင်။

Sunghoonကသူ့ကို့ဝင်တိုက်မိယုံဖြင့် ယောကျာ်းလေးဆိုနေရာမှာတွင်ဆွဲထိုးတတ်သည်။မိန်းကလေးဆိုရင်တော့တွဲပြီးအသဲခွဲသည်။

ခုတစ်ပတ်အတွင်းမှာကို Sunghoonအသဲခွဲခဲ့တဲ့ကောင်မလေးသုံးယောက်ရှိပြီဖြစ်သည်။

ဒါပေမဲ့ Jaeyunဘာလုပ်လုပ်ဘာပြောပြောသည်းခံနိုင်တာကလဲSunghoonတစ်ယောက်ပဲရှိသည်။သည်းခံနိုင်တာမဟုတ်ပဲသည်းခံခဲ့တာ။

Jaeyunကအဆိုးလေးမဟုတ်ပါ။ဒါပေမဲ့ Sunghoonအပေါ်မှာတော့ဆိုးမိသည်။ဘာကြောင့်လဲဆိုရင်ရည်ရွယ်ချက်ကတစ်ခုတည်း Sunghoonတစ်ခြားသူတွေကိုလုပ်ခဲ့အတိုင်း Sunghoon ပြန်ခံရစေရန်။

Sunghoonတစ်ယောက် Jaeyunအပေါ်ဘာကြောင့်သည်းခံသလဲဆိုတာ Sunghoonတစ်ယောက်သာသိလိမ့်မည်။

Jaeyunနားလာရင်တော့ဆေးလိပ်မသောက်လာတတ်ကိုတော့Jaeyunသဘောကျမိသည်။

ဘာလို့ဆို JaeyunစကားကိုSunghoonတစ်ယောက်တည်းကသာပထမဆုံးနားထောင်ဖူးသူ။

Jaeyunဘယ်လောက်Sunghoonကိုအနားမကပ်ခံဖူးပြောခဲ့ပြောခဲ့ Jaeyunနောက်အမြဲကပ်ပါနေတတ်သူကြောင့် ဘယ်သွားသွားနှစ်ယောက်တွဲသွားဖြစ်နေသည်။

Sunghoonဘယ်လိုထိတောင်လိုက်ကပ်လဲဆိုရင် Jaeyunစာသင်ချိန်အတွင်းသန့်စင်ခန်းသွားရင်တောင်နောက်ကလိုက်လာလေ့ရှိသည်။

ဆရာမတွေကတောင်အမြဲပြောတဲ့စကားတစ်ခွန်းတဲ့ရှိသည်။

"မင်းတို့ကအမွှာတွေလား"တဲ့ ဆရာမတွေပြောလဲပြောချင်စရာပင်။

ကျန်တဲ့အချိန်တွေသာစကားနားထောင်ချင်နားထောင်မယ် နောက်ကလိုက်မလာနဲ့ဆိုတော့စကားကိုတော့လုံးဝနားမထောင်။

Sunghoonတစ်ယောက်အတန်းချိန်တွေလဲပုံမှန်မတက်ပါ ဒါပေမဲ့ထမင်းစားချိန်ဆိုရင်တော့ရောက်ရောက်လာတတ်သည်။

"Sunghoon မင်းအမြဲဒီလိုပဲနေနေတော့မှာလား"

"ကိုယ်ကဘယ်လိုနေနေလို့လဲ"

My Annoying Classmate//Sungjake(Completed)Where stories live. Discover now