Part 2

968 102 0
                                    

Unicode.....

"Sunghoon ssi စားလို့မပြီးသေးဘူးလားဗျ ကျွန်တော်စောင့်နေရတာတော်တော်ကြာပြီ"

"ကိုယ်ကနှေးတာမဟုတ်ပါဘူး မင်းတို့ကျောင်းကလူတွေကိုကစားတာမြန်နေတာ"

"နောက်လဲအဲ့လိုပဲမို့ မြန်မြန်စားတတ်အောင်လေ့ကျင့်ထားနော် ငါကဒီနေ့ပဲစောင့်ပေးမှာ"

"ဘာလို့အေးဆေးပဲစားလို့မရတာလဲ"

"နားချိန်က နာရီဝက်ပဲရတာလေ အဲ့နာရီဝက်လုံး ကန်တင်းမှာပဲအချိန်ကုန်တော့မို့လား"

"နာရီဝက်ပဲလား အရင်ကျောင်းမှာဆို တစ်နာရီရတာကို"

"အဲ့တာဆိုအဲ့ကျောင်းပြန်ပြောင်းလိုက်လေ"

"တော်ပါပြီဒီကျောင်းလေးပဲကောင်းပါတယ်"

"အဲ့ဆိုလဲစကားများမနေပဲမြန်မြန်စားတော့"

အရင်ကဆို ဆယ်ငါးမိနစ်လောက်နေတာနဲ့ကန်တင်းထဲမှာလူရှင်းသွားတတ်သည်။

ဒီနေ့အတွက်ဖို့ လူချောလေးနှစ်ယောက်ဟာကန်တင်းမှာပဲရှိနေသေးတဲ့အတွက်ကြောင့် ကျောင်းသူအများစုဟာလဲ ကန်တင်းထဲမှာပဲဝဲလည်လျက်။

ဒီနေ့တစ်ရက်လုံးကတော့Jaeyunတစ်ယောက် Sunghoonဆိုတဲ့ကျောင်းသားသစ်ရဲ့နားပူမှုတွေကြားဖြတ်သန်းခဲ့ရသည်။

Jaeyunကစိတ်ရှည်တတ်သူတစ်ယောက်မဟုတ်ပါ ဒီနေ့Sunghoonကိုတော်တော်စိတ်ရှည်ထားရသည်။

အကြောင်းကားကျောင်းသားသစ်ရဲ့ပထမဆုံးရက်ဖြစ်သည့်အတွက် နောက်ရက်တွေမြန်း Jaeyunဆီထပ်နားပူကြည့်ပါက Jaeyunကန်လွှတ်ဖို့သာဆုံးဖြတ်ထားသည်။

Jaeyunတစ်ယောက်စိတ်ညစ်ညစ်နဲ့အိမ်ပြန်လာရပါသည်ဆိုမှ အိမ်မှာJaeyunမမြင်ချင်သည့်လူကကြိုဆိုလို့နေသည်။

"မင်းဘာလာလုပ်တာလဲ"

"ကိုယ်နဲ့စေ့စပ်ထားတဲ့သူရဲ့အိမ်ကိုလာတာပဲ မင်းကမကျေနပ်ဘူးလား"

"ငါတို့နှစ်ယောက်လုံးသဘောမတူထားတဲ့စေ့စပ်ပွဲအကြောင်းကိုထည့်ထည့်မပြောစမ်းနဲ့"

"ဒါပေမဲ့စေ့စပ်ထားတယ်ဆိုတဲ့စကားကအမှန်တရားပဲလေ အဲ့တော့မင်းကိုငါပိုင်တယ်"

My Annoying Classmate//Sungjake(Completed)Where stories live. Discover now