လွှတ်စမ်း ငါ့ကို!!!!!
Seoulမြို့ရဲ့ ရဲဌာနတစ်ခုထဲမှ
ထွက်ပေါ်လာသော အသံဆာဆာလေးတစ်ခု။ထိုအသံဆာဆာလေးရဲ့ ပိုင်ရှင်ကတော့
တခြားသူမဟုတ်။ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း စာရင်းဝင် ကုမ္ပဏီဖြစ်တဲ့
SM group ရဲ့ ဆက်ခံသူ Park jimin.Park jiminဆိုတာနဲ့ လူကုံထံ အသိုင်းအဝိုင်းမှာ မသိတဲ့သူမရှိလောက်အောင်ရှားသည်။
အဲ့ဒီလိုရှားရအောင်လည်း သူ့မှာ လူတွေ သတိထားမိလောက်စရာ အချက်တွေအများကြီးရှိနေခဲ့သည်။ကောင်းတဲ့အချက်တွေဆိုရင်တော့ သူ့ရဲ့အဖေက ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း အချမ်းသာဆုံးစာရင်းဝင်ဆယ်ယောက်မှာ နံပါတ်တစ်နေရာမှာရှိနေခြင်း။သူ့ရဲ့အမေကတော့ ကိုရီးယားနိုင်ငံအတွင်းမှာရှိတဲ့
ကျောက်မျက်ရတနာဆိုင် အတော်အများကို
ပိုင်ဆိုင်ထားခြင်းကြောင့် သူတို့ရဲ့ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ Park jiminကို
လူအများ၏ စိတ်ဝင်စားမှုကိုရရှိစေသည်။
သူကိုယ်တိုင်ကလည်း ယောင်္ကျားလေးတစ်ယောက်ဖြစ်လင့်ကစား မိန်းကလေးရှုံးလောက်အောင် ကြွေရုပ်လေးတစ်ရုပ်လို
ချောမောလှပသောကြောင့် လူကုံထံအသိုင်းအဝိုင်းများထဲမှ သမီးရှင်များမှာ
"Park jiminကို သားမက်တော်ဖို့အရေး
ဒို့အရေး"ဟု ဆိုရလောက်အောင် ရေပန်းစားသည်။တစ်ချို့သော လူကုံထံ အသိုင်းအဝိုင်းကြီးထဲမှ ဆယ်ကျော်သက် ယောင်္ကျားလေးများပါးစပ်ဖျားတွင်လည်း "Park Jimin"ဆိုသော အမည်နာမက trend ဖြစ်နေလေ့ရှိသည်။ကဲ ဒါကတော့ ကောင်းတဲ့ အချက်ကလေးတွေပေါ့နော်။ဒါဆို ဆိုးတဲ့ အချက်တွေကရော ဆိုရင်
ပြောပြစရာ သာဓကတွေက တန်းစီနေသည်။
မာနအလွန်ကြီးတာတွေ၊ဘယ်သူ့ကိုမှ လူမထင်ဘူးဆိုတဲ့ အထာမျိုးနဲ့ ဘဝင်မြင့်မောက်မာနေတာတွေကြောင့် လူတွေရဲ့မျက်မုန်းကျိုးခြင်းကိုလည်း ခံရသည်။
အဓိကကတော့ ဘဝင်မြင့်မောက်မာနေတာတွေကြောင့် လူတွေရဲ့ သတိထားခြင်းကို ပိုခံရစေသည်။Park jiminရဲ့ ဆိုးခြင်း ဋီကာတွေကို ဖွင့်ဟပြရရင်တော့ အတွဲ တစ်၊အတွဲနှစ်၊အတွဲသုံးလောက်အထိ ရှိပေလိမ့်မည်။