ဗေဒါတွေဟာ ရေများရာမှာ ပျော်သလို
ကလေးရော ကိုယ်မရှိတဲ့ တစ်နေရာရာမှာများ ပျော်နေမှာလား?သိပ်လွမ်းတာပဲကလေးငယ်ရယ်။Jungkook နားရက်ယူထားသောကြောင့်
အိပ်ယာနောက်ကျမှ ထဖြစ်သည်။မနက်ခင်း
နိုးနိုးခြင်း အတွေးအာရုံတွေထဲ ဝင်လာတာက
ကလေးငယ်။ဟုတ်တယ် ။သူကလေးကို
တကယ်ချစ်မိနေပြီ။ကလေးငယ်ကို သူ့အဖေပြန်လာခေါ်သွားတုန်းကလည်း ကျွန်တော့်စိတ်ဝိညဉ်တွေအကုန်လုံးပါသွားသလိုမျိုး။
ကလေးငယ်ကတော့ ဘာတွေအလိုမကျနေမှန်းမသိ။ကျွန်တော့်ဘက်တောင် လှည့်ကြည့်မသွားဘူး။ထို့ကြောင့် ဒီနေ့တော့ ကလေးငယ်ကို တွေ့လို့တွေ့ငြား ကလေးငယ်အိမ်ရှေ့ သွားကြည့်ရန် ဆုံးဖြတ်ထားသည်။ဒီတစ်ခါတွေ့ရင်တော့ ကိုယ်ဝန်ခံပါရစေတော့ ကလေးငယ်ရယ်။သိမ်းထားရတာ ပင်ပန်းလွန်းလို့ပါ။Jungkook အိပ်ယာမှ ထပြီး မျက်နှာသစ် ၊ရေမိုးချိုးပြီး အဝတ်ဗီရိုထဲမှ ပေါ့ပါးသည့် ဝတ်စုံတစ်စုံကို ယူလိုက်သည်။အနက်ရောင်ရှပ်လက်တိုလေးကို ကြယ်သီးတစ်လုံးဖြုတ်ဝတ်ထားပြီး style pantအနက်ရောင်ကို တွဲဝတ်ကာ ဆံပင် ခပ်အုပ်အုပ်တို့ကိုဖြီးကာ
လာဗင်ဒါရနံ့ရေမွှေးလေးကို စွတ်ပြီး ပြင်ဆင်မှုကို အဆုံးသတ်လိုက်သည်။ထို့နောက် မနက်စာအား ပေါင်မုန့်နဲ့ နွားနို့ တစ်ခွက်သောက်ပြီးထွက်လာခဲ့လိုက်သည်။ဆိုလ်းရဲ့ လူကုံထံ အသိုင်းအဝိုင်းများနေထိုင်ရာ ရပ်ကွက်ထဲက ခြံတစ်ခြံရှေ့မှာ ရပ်ကာ
အခြေအနေကိုကြည့်နေရသည်။ကလေးငယ်က ဒီလိုရက်တွေဆို အပြင်ထွက်တတ်တယ်တဲ့။jungkookမှာ jimin၏ ဖခင်နဲ့ ရင်းနှီးသော်လည်း ကိုယ်က သူ့သားအား ပိုးပန်းနေသည့်အတွက် ခုတစ်လော တွေ့ရင် မျက်နှာတောင် ရဲရဲမပြဝံ့။jiminအဖေကတော့ပြောပါတယ်။ဌာနက ပြန်လာပြီးကတည်းက
ကလေးငယ်က အရင်လိုမဆိုးတော့ဘဲ
တည်တည်ငြိမ်ငြိမ်လေးသာနေသည်တဲ့။
တစ်ခါတစ်လေလည်း တစ်ယောက်ထဲ သက်ပြင်းတွေ ခနခနချတတ်တယ်တဲ့။မင်းအဆင်ပြေရဲ့လား ကလေးငယ်?ကလေးငယ်အကြောင်းတွေးနေတုန်းမှာပဲ
မြင်လိုက်ရတာက အကျီအစင်း အဝါနဲ့အနက်ကျား လက်ရှည်လေးကို ဂျင်းဘွိုင်လာလေးနဲ့တွဲဝတ်ထားကာ sneakerအဖြူရောင်လေးစီးကာ ခြံထဲမှ ထွက်လာလေသည်။ထို့နောက်
Driverအား တစ်နေရာကို လိုက်ပို့ခိုင်းသည်ထင်သည်။jungkookလည်း ကလေးငယ်၏
ကားနောက်ကသာ လိုက်ကြည့်မိသည်။
