🍁 PART-5 🍁

3K 159 7
                                    

သဲသောင်ပြင်လေးပေါ်တွင် ရိုးရှင်းသော
မင်္ဂလာပွဲလေးတစ်ခု ခမ်းနားစွာ ကျင်းပတော့မည်။

အဖြူရောင်တွေနဲ့သာ အလှဆင်ထားသော
မင်္ဂလာပွဲလေးက ရိုးရှင်းပေမယ့် ဆန်းကြည်လှသည်။jimin ဟိုတယ်ခန်းထဲမှ သဲသောင်ပြင်ပေါ်က wedding အပြင်အဆင်များကို
လှမ်းကြည့်ကာ စိတ်လှုပ်ရှားနေရသည်။
ဟုတ်တယ်။ဒီနေ့က ဦးနဲ့ သူ့ရဲ့ မင်္ဂလာပွဲနေ့။
ဦးလက်ထပ်ခွင့်တောင်းပြီး လအကြာမှာပဲ
မင်္ဂလာပွဲကို စီစဉ်ခဲ့ကြသည်။ဦးအနေနှင့် ကျွန်တော်ရဲ့ မိဘတွေနဲ့ အသိုင်းအဝိုင်းတွေရဲ့ ဂုဏ်ရှိန်ကြောင့် ခမ်းခမ်းနားနား လက်ထပ်ပါ့မယ်လို့ ပြောခဲ့ပေမယ့် ကျွန်တော် ငြင်းဆန်ခဲ့သည်။အရင်က စိတ်နဲ့ အကွာကြီး ကွာကာ
ပြောင်းလဲခဲ့တာကတော့ ဦးကိုချစ်မိသည့်အချိန်မှစခဲ့သည်။ဖေဖေနဲ့မေမေက တစ်ဦးတည်းသော သားဖြစ်တဲ့အတွက်ကြောင့်
ကျွန်တော်ရဲ့ ဆန္ဒကို ဦးစားပေးတတ်သည်။
အခုလည်း ကျွန်တော့် ဆန္ဒအရ စီစဉ်တဲ့ သောင်ပြင်ပေါ်က မင်္ဂလာပွဲလေးက ရိုးရှင်းပေမယ့် ကျွန်တော့်အတွက်တော့ ဦးရဲ့ အချစ်တွေနဲ့ ပြည့်စုံနေပြီမို့ ကျေနပ်ပါသည်။ဦးကသာ အဓိကပဲလေ။

"သား သွားကြစို့"

"ဟုတ် ဒယ်ဒီ"

ဒယ်ဒီလက်မောင်းကို ချိတ်လိုက်ကာ ဟိုတယ်အခန်းထဲမှ ထွက်လာလိုက်သည်။

အဖြူရောင် ကော်ဇော လျှောက်လှမ်းတစ်လျှောက် အဖြူရောင် နှင်းဆီပွင့်ဖက်လေးများ ဖြန့်ကျဲထားသည်။ဘေးတစ်ဖက်တ်ချက်စီတွင် အဖြူရောင်ထိုင်ခုံများ တန်းစီချထားကာ ကြွရောက်လာသော ဧည့်ပရိသတ်များကလည်း မတူညီသော အဖြူရောင်ဝတ်စုံများနှင့် အချိန်ကောင်းကို ကြိုလင့်နေကြသည်။ထိုင်ခုံလေးများရှေ့ဆုံးတွင်တော့နှင်းဆီပန်းအဖြူရောင်များနှင့် မဏ္ဍပ်စင်အသေးလေးပြုလုပ်ထားကာ ချီးမြှင့်ပေးမယ့် ဖာသာကလည်း နေရာယူပြီးနေသည်။

Jungkook တစ်ယောက် လက်ဖျားတွေပင်အေးစက်နေသည်။ခြေထောက်က ဖိနပ်စီးထားသည့်အတွက် မသိရပေမယ့် အေးစက်နေသည့် လက်များက ပင်လယ်ကမ်းစပ် တိုက်ခတ်နေကြသော လေများကြောင့်လား?
မကြာခင် ကလေးငယ်နဲ့အတူတူ ကျင်းပရမယ့် မင်္ဂလာပွဲကြောင့်လား မပြောတတ်။

ဦးWhere stories live. Discover now