"အမှုစစ်ကြီး!!!"
Jungkook အသေးလေးဆီမှ အာရုံလွှဲကာ
အလုပ်များထဲ စူးစိုက်နေတုန်း ကြားလိုက်ရသော အသံဆာဆာလေးကြောင့် မှန်ပြင်ဆီမှ
လှမ်းကြည့်မိတော့ သူ့အား လက်သေးသေးလေးများဖြင့်လက်ယပ်ခေါ်နေသည်။
Jungkook မှာ လူပျိုအရွယ်ထိန်းသိမ်းနေရတာမဟုတ်ပဲ မူကြိုအရွယ်ကလေးထိန်းနေရသည့်နှယ်။သူ့အဖေက သူ့သားအား လိမ်မာစေချင်တာကြောင့် မှတ်လောက်သားလောက်အောင် အချုပ်ခန်းထဲတစ်ညထိန်းသိမ်းခိုင်းထားလို့သာ ဒီလို တွေလုပ်နေရခြင်း။အခုတော့ တကယ် စိတ်ညစ်နေမိသည်။ဒါ့အပြင်
ထိုကလေးနားသွားလိုက်ရင် ပုံမှန်မဟုတ်သော ရင်ခုန်သံတွေကိုလည်း နားမလည်နိုင်။
ဒီကလေးသာသာလေးကို ဘာတွေများရင်ခုန်နေမိတာပါလိမ့်။"အမှုစစ်ကြီးလို့!!!!"
ထပ်ပြီး အော်ခေါ်လာတာကြောင့်
ကိုင်ထားသော ဘောပင်အား ချကာ
သွားကြည့်တော့ အချုပ်ခန်းကြမ်းပြင်မှာ
တစ်ဖက်စောင်းကာ လဲလျောင်းထားသော
ကလေးငယ်။အကျီအစင်းလက်ရှည်အဖြူနဲ့အနက်ကျားလေးအား ဂျင်းဘောင်းဘီအနက်ကျပ်ကျပ်လေးဖြင့်တွဲဝတ်ထားသော ကလေးငယ်က Jungkook မျက်လုံးထဲတွင်တစ်မျိုးလေး။လဲလျောင်းထားတာဖြစ်တဲ့အတွက်ကြောင့် အကျီခါးလေးက တိုနေပြီး ခါးဖြူဖြူသိမ်သိမ်လေးတို့က မပေါ်တပေါ်လေး။တစ်ခြမ်းစောင်းကာ ကွေးအိပ်နေသလို ပုံစံမျိုးဖြစ်တဲ့အတွက် ထင်းထွက်နေသော တင်ပါးလုံးလုံးလေး။jungkook ကလေးငယ်ရဲ့ ခန္ဓာကိုယ်အား အစုံအဆန်ကြည့်နေတုန်းမှာပင်-"အမှုစစ်ကြီး"
ချိုချိုအီအီအသံလေးဖြင့် ခေါ်လာသောကြောင့် jungkook ကိုယ်ငယ်လေးကို
အံ့အားသင့်စွာငေးကြည့်နေရာမှ မျက်နှာလေးသို့ အကြည့်ပို့လိုက်တော့ ညို့ဓာတ်တစ်ချို့ပါသော မျက်ဝန်းတို့နဲ့ ကြည့်နေသည်။
ဒီကလေး ဘာဖြစ်ချင်နေတာလဲ?"ဘာလဲ!?။ဘာဖြစ်ပြန်ပြီလဲ ?
ငါ အားမနေဘူး ပြောစရာရှ်ရင် မြန်မြန်ပြော"Jungkookစိတ်လှုပ်ရှားနေတာကြောင့်
စကားကို ခပ်မြန်မြန်ပင် ပြောကာ ထွက်သွားမည်အပြု-"အမှုစစ်ကြီးကလည်း မေ့နေပြီလား?
ကပြပေးရဦးမာလေ"ထိုအခါမှ jungkookသတိရသည်။ဟုတ်သားပဲ။ငါးအူချောင်းဝယ်ကျွေးရင် ကပြမှာလို့ပြောထားတဲ့ဟာ။ဒါမဲ့ အခုလို စိတ်အခြေအနေနဲ့ဆို မဖြစ်တာမို့ Jungkook
ငြင်းလိုက်ရသည် ။