#Unicode
လွမ်းပုံပြင် ...အပိုင်း(၄)
ထိုနေ့ကစလို့ အကို့ကို1ရက်တိတိစိတ်ကောက်သည်။
ဘာကိုမှမတိုင်ပင်ပဲလုပ်ချင်ရာတွေလုပ်လို့ပေးတဲ့ အပြစ်ဒဏ်ပေါ့။တစ်ရက်အပြင်လဲပိုပြီးစိတ်မကောက်နိုင်ပါဘူး။
သူ့အတွက်နဲ့ အသက်ကိုပါရင်းထားရတာလေ။အကိုဆိုတာအဲ့လိုပဲ။ နှုတ်ကနေဖွင့်မပြောရင်တောင်
သူဖြစ်ချင်တာဆို အမြဲဖြည့်ဆည်းပေးတတ်သည့်လူစားမျိုး။ကြာကြာလဲစိတ်မကောင်ချင်ပါဘူး သူနဲ့ရလာမယ့်ကလေးလေးအတွက် ဆေးဒဏ်တွေကိုအံတုပြီး ဆေးတွေကိုကြိုးစားပြီးသောက်နေရှာရတာ။
မြတ်နိုးလိုက်ရတာလဲ အတိုင်းအဆတွေမဲ့လွန်းပါတယ်။
ကျွန်တော်က နှုတ်ကနေတဖွဖွချစ်တယ်လို့ပြောနေတတ်ပေမယ့် အကိုကတော့သူ့ရင်သွေးလေးကို ဝမ်းနဲ့လွယ်ပြီးမွေးပေးသည်အထိ ချစ်ခြင်းတရားတွေက အဖိုးဖြတ်မရနိုင်။
လေ့ကျင့်ခန်းတွေလုပ် ဆေးတွေကိုသေချာဂရုတစိုက်သောက်နေရင်းနှင့်ပင် ရက်တွေအလီလီကုန်ဆုံးလာလိုက်တာ ကျွန်တော့်ရင်သွေးလေးက အကို့ဝမ်းဗိုက်ထဲကိုရောက်လာခဲ့ပြီတဲ့လေ။
ထိုနေ့က အကိုကမနက်အိပ်ရာထကာ ပုံမှန်နေ့တွေလိုပဲ hot chocolateဖျော်သည်။ စတော်ဘယ်ရီကြိုက်သည့်ကျွန်တော့်အတွက် အကိုကိုယ်တိုင်စတော်ဘယ်ရီကိတ်လေး လုပ်ပေးသည်။
မီးဖိုချောင်ထဲတကုတ်ကုတ်အလုပ်ရှုပ်နေသည့် အကို့ကိုခါးကနေဆွဲဖက်လိုက်ကာ ရင်ခွင်ထဲထည့်ပြီး ခပ်ဖောင်းဖောင်းပါးအိအိလေးကိုမွှေးကြူလိုက်သည်။
နဂိုကပိန်၍ပါးရိုးတွေကျကာ jaw lineပေါ်နေသည့်အကို့မျက်နှာနုနုလေးကလဲ ဆေးဒဏ်တွေကြောင့်ဖောင်းဖောင်းအိအိလေးဖြစ်နေပြီလေ။
"အားပါးပါး အကို့ပါးအိအိလေးကမွှေးလိုက်တာကွာ
စတော်ဘယ်ရီနံ့လေးရတယ်""ဟားဟား စတော်ဘယ်ရီကိတ်လုပ်နေပါတယ်ဆိုမှ ကိတ်ကအနံ့နေမှာပေါ့"
"မဟုတ်ဘူး ဒီက"
"ဘယ်က? အွင့်"
ကိတ်လုပ်နေသည့်အကို့ကို ရုတ်တရက်ဆွဲလှည့်လိုက်ပြီး စိုအိအိနှုတ်ခမ်းလေးကို စုပ်ယူကာနမ်းရှိုက်လိုက်သည်။
မောနင်းကစ်လေးကအင်မတန်အရသာရှိလှပါဘိ..။
YOU ARE READING
လွမ်းပုံပြင် [VOPE] || Short Story
Fanfictionလွမ်းပုံပြင်... အတိတ်ပုံပြင်တွေက မလှပခဲ့ပေ သို့သော် လွမ်းမောဖွယ်ရာအပြည့်။ အချစ်တွေသည် အတိတ်တွေ၌ ကျန်ရစ်ခဲ့သော်လဲ နှလုံးသားတွေသည် လတ်ဆတ်နေသေး၏။ [VOPE]