လွမ်းပုံပြင် ဇာတ်သိမ်းပိုင်း

325 47 25
                                    

#Unicode

လွမ်းပုံပြင်.....ဇာတ်သိမ်းပိုင်း

စတော်ဘယ်ရီကိတ်မုန့်ကိုမစားပဲ ဇွန်းကိုကိုင်ကာကိတ်မုန့်ကိုစိုက်ကြည့်ရင်း မျက်ရည်တွေကျနေတာမို့ သားဖြစ်သူက လက်ကိုကိုင်လှုပ်ကာ စကားပြောသည်။

"ဖေဖေ ဖေဖေ ဘာယို့ငိုနေတာယဲ"

"ဖေဖေ ဖေဖေလို့!!"

"ဟမ် ဟမ် ဟမ် သားလေးဘာလိုလို့လဲ"

သားသားလေးလက်ကိုလှုပ်ပြီးခေါ်မှTaehyung အတိတ်တွေဆီမှပစ္စုပ္ပန်သို့ရောက်လာသည်။

"ဖေဖေဘာလို့ ငိုနေတာယဲ"

ထိုအခါ ကျလက်စမျက်ရည်တွေကိုကပြာကယာသုတ်ပြီး

"ဖေဖေမငိုပါဘူး မျက်လုံးထဲအမှုန်ဝင်သွားလို့"

"တားတားမှုတ်ပေးရမယား"

သားလေးကိုကြည့်ရင်း အကို့ကိုအရမ်းသတိရလာတာမို့ သားလေးကိုဆွဲဖက်လိုက်ပြီး အသံမထွက်ပဲငိုသည်။

"ဖေဖေ့ကိုတားတားကချစ်တယ်နော် ငိုနဲ့နော်"

"ဖေဖေလဲသားကိုချစ်တယ်ကွယ်"

အကို့ကိုမောင်အရမ်းသတိရတာပဲ အကိုရယ်...
မောင်တို့သားအဖမရှိတဲ့အရပ်မှာ အကိုအဆင်ပြေနေရဲ့လား..
မောင်ကတော့ အကို့ကိုလွမ်းရင်းနေရတာအဆင်မပြေဘူးအကိုရာ....

ငိုတာဝမှသားလေးကိုဖက်ထားတာလွှတ်ပေးလိုက်သည်။
အပြင်လဲသွားရဦးမှာမို့ သားလေးကိုရေချိုးဖို့ပြောရသည်။

"ကဲ သားလေး ရေချိုးကြစို့"

"မချိုးချင်ဝူး"

"အော်ဟော ရေချိုးရမယ်လေ အပြင်သွားရမှာပါဆို"

"အပြင်သွားရလဲချိုးချင်ဝူး"

ရေမချိုးချင်သည့် ညစ်ပတ်အိုးလေးသည် Taehyungချီထားသည့်ကြားထဲက အိမ်ရှေ့ကိုလှစ်ခနဲပြေးထွက်သွားသည်။
ထိုအခါ Taehyungလဲ သားလေးကိုရေချိုးပေးရန် လိုက်ခေါ်ရသည်။

"သားသား လာခဲ့ကွာ ဖေဖေစိတ်မဆိုးချင်ဘူး"

"သားသား Happy"

"Kim Taeseok!!!"

ခလွမ်း!!

သားလေးကိုဆူပူလိုက်သည့်အခါ ဧည့်ခန်းထဲရှိနှင်းဆီပန်းထည့်ထားသည့်ပန်းအိုးကကျကွဲသွားသည်။

လွမ်းပုံပြင် [VOPE] || Short StoryWhere stories live. Discover now