ပိုက်တန်းတွေသည် ဒဏ်ရာချက်များစွာနှင့် လက်တွေကို မမြင်ရက်နိုင်ဖွယ် ထိုးစိုက်ထားကြသည်။
တခဏလေးပါပဲ ထိုတစ်ခဏလေးမှာ ဒီလူသားက ထွက်သွားဖို့ ဆုံးဖြတ်ပစ်လိုက်တာ....ရူးလိုက်တာလို့ မဆိုချင် ဒါဟာ ကိုယ့်အပြစ်ချည်းပဲမို့....
အဖြူရောင်လေးတွေ တစ်စတစ်စ ကျန်နေသေးတဲ့ ဆံပင်အနက်ခပ်အုပ်အုပ်လေးကို သွယ်စင်းတဲ့ နှာတံဖြင့် တိုးဝေ့ နမ်းရှိုက်ပေမယ့် နိုးမလာသူ။
ထွက်သွားတော့မယ်လို့ သေချာပေါက် ဆုံးဖြတ်ထားပုံပါပဲ။
သူငယ်ချင်း....ကောင်းတူဆိုးဖက်....တိုင်ပင်ဖော်တိုင်ပင်ဖက်....အင်း ပြီးတော့ စိတ်တူကိုယ်တူပဲ ဒြပ်မဲ့ခြင်းတစ်ခုကို မြိုသိပ်ထားခဲ့ကြတဲ့ စိတ်ဝိညာဉ်ဖက်....
ကုတင်ရဲ့ ဘေးထိုင်ခုံကို ဟိုဆော့ အားအင်မဲ့စွာ ထိုင်ချလိုက်ရင်း အချိန်တွေ လွန်မှ မြင်တွေ့ခဲ့ရတဲ့ ဒိုင်ယာရီ အညိုလေးကို အသံထွက် ဖတ်ရန်ပြင်လိုက်သည်။
အဖုံးပေါ်က မျက်ရည်စက်ကလေး နှစ်စက် ဒီစာအုပ်လေးကို ရေးနေစဉ်အတွင်း နာကျင်မှုပဲ ရှိခဲ့တာလား သိချင်ပါဘိ။
မင်းနဲ့ ငါ့ရဲ့ အကြောင်းတွေပဲ ဖြစ်နေမယ်ဆို ငါ့ရဲ့ တစ်ဖက်သတ် အနိုင်ကျင့်ခြင်းတွေက စာမျက်နှာ တော်တော်များများမှာ နေရာယူထားမှာတော့မလွဲနိုင်ပေ။
"ထယ်ယောင်း အဆင်သင့်ဖြစ်နေပြီလား။ ကိုယ်ဖတ်ပြမယ်နော်....မင်းလက်ရေးလေးက အရမ်းလှတာပဲ...."
ပွင့်မလာတဲ့ မျက်ဝန်းပိုင်ရှင်ကို ပြောလိုက်တော့ မျက်ရည်တွေက ကိုယ့်မျက်လုံးတွေမှတဆင့် စာအုပ်ညိုလေးရဲ့ ပထမစာမျက်နှာပေါ် သက်ဆင်းကြသည်။
31 12 2009
*ပထမဆုံးပဲ ကျွန်တော့်လို စုတ်စုတ်ပြတ်ပြတ်ကလေကချေကို သူငယ်ချင်းလုပ်ဖို့ လာခေါ်ခဲ့တာ.....သူ့နာမည်က ဂျောင်ဟိုဆော့တဲ့ သူကလေ နတ်သားလေးလိုပဲ......
ဲဝဲချင်နေတဲ့ မျက်ရည်တွေကို သိမ်းဆည်းပြီး အပြုံးတစ်ပွင့်နှင့် အိပ်မောကျနေသူကို မချိတင်ကဲဖြင့်
"ထယ်ယောင်းမင်းဟာလေ....အလယ်တန်းကျောင်းထဲက ဒီစာအုပ်ကလေးကို ဘယ်လိုတောင် ငါမမြင်အောင် ဝှက်နိုင်ခဲ့တာလဲ။"
KAMU SEDANG MEMBACA
Angel
Fiksi Penggemarငါဟာ အိန်ဂျယ်တစ်ပါး မဟုတ်ခဲ့ပါဘူး ထယ်....မင်းသည်သာ ငါ့နတ်သားပါ Sep 9 2022