ထုံးစံအတိုင်းပေါ့ ကျောပိုးအိတ်လေးကို
ကိုင်းနှစ်ဖက်ကကိုင်ပြီးဟိုငေးဒီငေးနဲ့
မှန်ကြောင်ကိုသွားခေါ်ရခြင်း
အမြဲတမ်းဒီလိုပုံစံဒီလိုဒီဇိုင်းပဲ၀တ်နေတော့
အဝေးကလှမ်းကြည့်ရင်တောင်
ပတ်ခ်ဂျီမင်းမှန်းနှစ်ခါပြောစရာမလိုဘူး။"တက် နောက်ကျမယ်သွားရအောင်"
"ဟို ငါမလိုက်တော့ဘူးကူး
နမ်ဂျွန်းဟျောင်းနဲ့စာကြည့်တိုက်သွားဖို့
ချိန်းထားလို့"ပထမဆုံးအကြိမ်ပဲ
ကျွန်တော့မျက်လုံးတွေ
တကယ်ဝိုင်းစက်သွားတာ
အနှစ်အနှစ်အလအလ
ဒီစက်ဘီးနဲ့မှကျောင်းမသွားရရင်
ရူးသေတော့မလိုဖြစ်နေတဲ့ပတ်ခ်ဂျီမင်းက
အခုကျမှဘာဖြစ်ရတာလဲ။"ဒီနေ့မလိုက်ရင်
နောက်ရက်တွေလဲလာမခေါ်ဘူးနော်
ငါ့အကြောင်းမင်းသိတယ်!""အင်းပါ မင်းသဘောပါပဲ"
ဒီလိုမျက်နှာထား ဒီလိုပုံစံတွေ
ပထမဆုံးအကြိမ်ပဲ
အမြဲတမ်းစက်ဘီးလေးနင်းလာတာမြင်တိုင်း
အဝေးကြီးတည်းကလက်တွေဝှေ့ရမ်းပြီး
ပြာယာခက်နေတတ်တာ
ဒီနေ့တော့ ကျောက်ရုပ်ကြီးချထားသလို
ဟိုငေးဒီငေးနဲ့ကျွန်တော့စကားတွေတောင်
အာရုံမစိုက်နိုင်ဘူးလေ။"ငါသွားပြီ..."
"အင်း"
အနက်ရောင်ရှပ်အကျီလေး၀တ်ကာ
ဂျင်းဘောင်းဘီအပြာလွင့်လွင့်လေးနဲ့
စက်ဘီးလေးဖြေးဖြေးနင်းကာထွက်သွားသူကိုကြည့်ရင်း ရင်ထဲငိုချင်စိတ်သာဖြစ်နေတာမို့ အာရုံလွှဲပြီး ကျွန်တော်ဖြတ်လမ်းကနေ
ဖြေးဖြေးမှန်မှန်လျှောက်သွားလိုက်တယ်
တကယ်တော့ ကျွန်တော်ညာလိုက်တာပါ
နမ်ဂျွန်းဟျောင်းနဲ့လဲမချိန်းထားသလို
စာကြည့်တိုက်လဲမသွားပါ
အချိန်တွေကြာလာတာနဲ့အမျှ
ကျွန်တော်သိလာတယ် ကျွန်တော်က
ကူးအတွက်တကယ်ကိုအရှုပ်ထုပ်ဖြစ်နေခဲ့တာ။--------------------------------------------------------
"ကိုကို ဘာဖြစ်လာတာလဲ
မျက်နှာလဲမကောင်းဘူး""ဘာမှမဖြစ်ပါဘူး ယူနာရဲ့
ညကစာကြည့်တာများသွားပြီး
နောက်ကျမှအိပ်လိုက်လို့ထင်တယ်
ခေါင်းနည်းနည်းမကြည်တာ"
YOU ARE READING
Just Friends
Romanceပါးလွှာတဲ့အဖြုရောင်စည်းကိုနင်းမိတိုင်း နှလုံးသားဟာနာနာကျင်ကျင်တုံ့ပြန်တတ်တယ်