"ဂျီမင်း တစ်ခုခုစားချင်တာရှိရင်
ကိုယ့်ကိုပြောလေ ဘာစားချင်လဲ
ဘာ၀ယ်ပေးရမလဲဟင်"တစ်ပတ်တိတိရှိသွားပြီး
သတိကောင်းကောင်းပြန်ရပြီး
ထူထူထောင်ထောင်ဖြစ်လာပေမယ့်
စကားတစ်ခွန်းတောင်မဟတာကြောင့်
ထယ်ယောင်းတို့ဟိုဆော့တို့ခမျာကြိတ်
ငိုရပေါင်းမနည်းတော့တာမို့ အိမ်ပြန်လွှတ်ကာ
ကျွန်တော်စောင့်ပေးဖို့ဆုံးဖြတ်လိုက်သည်။"ကိုယ်...ကဗျာတွေဖတ်ပြမယ်လေ
နားထောင်ချင်လား"ခေါင်းလေးခက်ဖွဖွရမ်းပြရင်း
ပြတင်းပေါက်ကမြင်ရတဲ့တိမ်ဆိုင်တွေကို
ငေးကြည့်နေသည်မို့နမ်ဂျွန်းဘာစကားမှ
မဆိုတော့ပဲ ထိုင်ခုံလေးပေါ်ခြေချိတ်ထိုင်ရင်း
ဆေးရုံစောင့်ရင်းဖတ်ဖို့ယူလာတဲ့
ကဗျာစာအုပ်လေးအား
ဖွင့်ဖတ်နေလိုက်သည်။"ကျောင်းထွက်ဖို့စီစဉ်ပေးပါ"
စာမျက်နှာသုံးလေးရွက်လှန်အပြီးမှာ
ကြားလိုက်ရတဲ့စကားသံလေးကြောင့်
စာအုပ်လေးအမြန်ပိတ်ပြီး
ကုတင်ပေါ်လေးခက်ဖွဖွထိုင်လိုက်သည်"ဂျီမင်း ကိုယ်ဘာလုပ်ပေးရမလဲ
တစ်ခေါက်လောက်ပြန်ပြောပါဦး""ကျောင်းထွက်ဖို့စီစဉ်ပေးပါ
မိဘတွေလဲမရှိတော့တာမို့
ဟျောင်းပဲစီစဉ်ပေးပါ
ပြီးရင် ဆေးရုံကဆင်းတာနဲ့
ကျောင်းအားကစားပွဲကိုတက်ပြီးတာနဲ့
ကနေဒါကိုသွားဖို့
လေယဉ်လက်မှတ်ဖြတ်ထားပေးပါ
အချိန်အားဖြင့် နှစ်ပတ်လောက်နေရင်ပေါ့"ပြောချင်တာတွေပြောပြီးသည်နှင့်
ခန္ဒာကိုယ်လေးတစ်ဖက်စောင်းကာ
လှဲချသွားပြီး စောင်လေးထဲကွေး၀င်သွားကာ
မျက်လုံးတွေမှိတ်ချလိုက်သည်မို့
နမ်ဂျွန်းသက်ပြင်းခက်ဖွဖွချမိသည်"ဆုံးဖြတ်ပြီးပြီလား ဂျီမင်း"
"...."
အဖြေပြန်မလာပါ
မျက်၀န်းတွေကိုသာစုံမှိတ်ထားပြီး
ကျွန်တော့စကားအားမကြားချင်ယောင်ဆောင်ပြန်တယ် သူဆုံးဖြတ်ပြီးသား
ဖြစ်နေတဲ့ကိစ္စမို့ ရှည်ရှည်ဝေးဝေးမပြောချင်တော့တာလဲပါပါလိမ့်မည်။
YOU ARE READING
Just Friends
Romanceပါးလွှာတဲ့အဖြုရောင်စည်းကိုနင်းမိတိုင်း နှလုံးသားဟာနာနာကျင်ကျင်တုံ့ပြန်တတ်တယ်