"ပတ်ခ်ဂျီမင်း နောက်ကျနေပြီကွာ
အဲ့တာကြောင့်ငါမင်းကို၀င်မခေါ်ချင်တာ""လာပါပြီကူးရယ်စိတ်ချည့်ပဲ"
ပါဝါမျက်မှန်အဝိုင်းလေးကောက်တပ်ကာ
ကျောပိုးအိတ်လေးလက်တစ်ဖက်လျိုရင်း
ခြံတံခါးလေးသော့ခတ်ပြီး
နှစ်ယောက်စီးစက်ဘီးလေးရဲ့
အနောက်ထိုင်ခုံပေါ်
အသာအယာတက်ထိုင်လိုက်သည်"နင်းလို့ရပါပြီဗျာ..."
"စကားများမနေနဲ့ကိုင်ထား
ရှေ့မှာကုန်းဆင်းကြီးမြင်လား""ရက်စ် မြင်ပါတယ်အစ်ကိုလေး"
သဘောအကျရဆုံးအချိန်တွေပေါ့
သူ့ခါးတွေပေါ်လက်တွေမြဲအောင်တင်ကာ
စက်ဘီလေးနဲ့ကျောင်းသွားရတာ
ကျွန်တော်သိပ်ကြိုက်တယ်
မူလတန်း အလယ်တန်း အထက်တန်း
အခုတက္ကသိုလ်ထိဒီစက်ဘီးလေးနောက်ပဲ
အပြောအဆိုခံပြီး
ကပ်တွယ်စီးခဲ့တာနှစ်တွေတောင်
မရေတွက်နိုင်လောက်အောင်ပါပဲ
ကျွန်တော်တို့ကသူငယ်ချင်းမဟုတ်တဲ့
သူငယ်ချင်းတွေပါ
နားနည်းနည်းရှုပ်သွားလား?
သူ့ဘက်ကတော့မသိပေမယ့်
ကျွန်တော့ဘက်ကတော့သူငယ်ချင်း
မဟုတ်တော့လို့သူငယ်ချင်းမဟုတ်တဲ့
သူငယ်ချင်းလို့သုံးလိုက်တာပါ
မင်းတို့အံ့ဩေသွားမလားမသိပေမယ့်
ကျွန်တော်လေသူ့ကိုအလယ်တန်းကျောင်းသားဘ၀ပြီးဆုံးချိန်ကစပြီး
ရင်တွေခုန်ခဲ့တာ နောက်တော့လဲ
သူငယ်ချင်းတွေကိုမှချစ်မိသူတို့ရဲ့
ထုံးစံအတိုင်းဖွင့်မပြောရဲခဲ့ဘူးပေါ့
သူငယ်ချင်းဆိုတဲ့စည်းရဲ့အခြားတစ်ဖက်မှာ
ဘယ်လိုအရာတွေစောင့်ကြိုနေမလဲ
မသိနိုင်တာမို့တစ်ဖက်သတ်အချစ်နဲ့တင်
ရင်ငုံနှုတ်ပိတ်နေလာခဲ့တာ
နှစ်တောင်ဆွေးနေပါပြီသူ့မှာလေဝိုင်းစက်တဲ့
မျက်လုံးလေးတွေရှိတယ်
ပါးလွှာတဲ့နှုတ်ခမ်းပါးလေးရှိတယ်
ပြီးတော့လေ ကျွန်တော်သဘောအကျဆုံး
အစိတ်အပိုင်းလို့လဲပြောလို့ရတဲ့
နှုတ်ခမ်းအောက်ကမှဲ့နက်ကလေး
နောက်ပြီးတော့မေးရိုးချွန်ချွန်တွေပေါ်က
အမာရွတ်လေး အဲ့ဒီအမာရွတ်လေးက
ကျွန်တော်နဲ့ပက်သတ်ပြီးရခဲ့တာမို့
ပိုလဲတန်ဖိုးထားတယ်ပိုလဲသဘောကျတယ်
သူကလေကျောင်းမှာရေပန်းစား
နာမည်ကြီးတဲ့ကောင်လေးပေါ့
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မို့
သ၀န်ကြိတ်တိုခဲ့ရတာလဲနှစ်မနည်းခဲ့ပါဘူး
တစ်ခါတစ်လေအပေါင်းအသင်း
အများစုကဝိုင်းစနောက်တဲ့ရင်
ကျွန်တော်သိပ်၀မ်းနည်းတာပဲ
သူ့နဲ့ကျွန်တော်ကမလိုက်ဖက်ဘူးတဲ့
သူတို့ပြောလဲပြောချင်စရာပါလေ
ကျွန်တော်ကိုယ်တိုင်ကိုကလဲ
ပါဝါမျက်မှန်ထူထူကြီးနဲ့၀တ်စားလိုက်ရင်လဲ Hoodieနဲ့ဂျင်းဘောင်းဘီကလွဲရင်
ကျန်တာမသိတဲ့ငတုံးလေ
အဲ့လိုနဲ့ပဲသူနဲ့ကျွန်တော်အတူတူရှိခဲ့တာ
နှစ်တွေတောင်အတော်ကြာခဲ့ပြီ။
YOU ARE READING
Just Friends
عاطفيةပါးလွှာတဲ့အဖြုရောင်စည်းကိုနင်းမိတိုင်း နှလုံးသားဟာနာနာကျင်ကျင်တုံ့ပြန်တတ်တယ်