𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻 𝑺𝒑𝒓𝒊𝒏𝒈 1

252 26 3
                                    

Unicode

နန်းမြို့တော်၊ယွမ်နိုင်ငံ။

အဖြူရောင်နှင်းမှုန်တို့ တဖွဲဖွဲကျလို့နေတဲ့
ဆောင်းညတစ်ည။

တော်ဝင်အိမ်တော်ဟု အမည်တပ်ထားတဲ့ အိမ်တော်ကြီးရဲ့
အခန်းတစ်ခုထဲ၌ မေ့မြောနေတဲ့ မိန်းမပျိုတစ်ဦး။

ထိုမိန်းမပျိုမှာ ဤယွမ်နိုင်ငံရဲ့
မိဖုရားလောင်းလျာအဖြစ်‌ ရွေးချယ်ခံထားရသူ
ဂျောင်အွန်းဂျီ။

ဂျောင်သခင်ကြီးတို့ဇနီးမောင်နှံမှ မွေးဖွားတဲ့
သားသမီးနှစ်ယောက်မှ သမီးအကြီးဖြစ်ကာ

ငယ်စဉ်ကတည်းက မျက်နှာအား ပုဝါစဖြင့် အမြဲတမ်း
စည်းနှောင်ဖုံးအုပ်ထားတာမို့ သူမမျက်နှာကို မြင်ဖူးသူက လက်ချိုးရေလို့ပင်ရတယ်။

အသက်နှစ်ဆယ်ပြည့်တဲ့နှစ်မှာ မိဖုရားလောင်းလျာအဖြစ်
ရွေးချယ်ခံရပြီး ထိုအချိန်ကစလို့ သူမဟာ တဖြည်းဖြည်း
ဖြူဖျော့ဖျော့သဏ္ဍာန်ဖြစ်လာခဲ့တယ်။

လက်ဆက်ပွဲအတွက် နန်းတွင်းမဝင်မီ တော်ဝင်အိမ်တော်သို့
ပြောင်းရွှေ့နေထိုင်ချိန်မှာ ရုတ်တရက် မေ့မြောသွားခဲ့တယ်။
ရောဂါဆိုတာတော့ တိတိကျကျ မသိရဘူး။

တော်ဝင်သမားတော်ကြီး အပြင်
တခြားသမားတော်ပေါင်းများစွာနဲ့ ပြောင်းလဲကုသပေမယ့်
အခြေအနေ ထူးခြားမလာပဲရှိတယ်။

အခုလည်း နောက်ထပ်သမားတော်ကြီးတစ်ဦးက
စမ်းသပ်နေကုသနေပြီး နံဘေးတွင်တော့ မယ်တော်ကြီးနဲ့
ဂျောင်သခင်ကြီးတို့ဇနီးမောင်နှံက ကုသမှုအခြေအနေကို
စောင့်ဆိုင်းကြည့်ရှုနေတယ်။

''အခြေအနေက ဘယ်လိုရှိပါသလဲ သမားတော်ကြီး''

''စိုးရွံ့မိပါတယ် မယ်တော်ကြီး
ကျွန်တော်မျိုး အတတ်နိုင်ဆုံး ကြိုးစားပြီး ကုသဖို့
နည်းလမ်းရှာပေမယ့် မိဖုရားမယ်မယ်ရဲ့အခြေအနေက
ပို..ပိုပြီး ဆိုးရွားလာပါတယ်''

သမားတော်ကြီးရဲ့လျှောက်တင်စကားကြောင့်
မယ်တော်ကြီးရဲ့မျက်နှာက မှိုင်းညို့သွားရတယ်။

ဂျောင်သခင်မကြီးကတော့ မျက်ဝန်းအိမ်ထဲကနေ
မျက်ရည်စတို့ ဝေ့သီလာတယ်။

𝐓𝐡𝐞 𝑯𝒆𝒓𝒂𝒍𝒅 𝑜𝒻  𝑺𝒑𝒓𝒊𝒏𝒈Donde viven las historias. Descúbrelo ahora