Part2(11.7.2022)
"သတ်ပစ်လိုက်..."
တစ်လုံးချင်း၊အေးစက်စွာ
ထွက်ပေါ်လာတဲ့စကားသံက
ကြားရသူများဖို့ ကြက်သီးထစရာကောင်းလှတယ်......."ချမ်းသာပေးပါ...ချမ်းသာပေးပါ"
တုန်တုန်ရီရီနဲ့တောင်းပန်နေပုံက
လူလောကမှာနေရတာ နောက်ဆုံး
အချိန်ရောက်နေမှန်း ကြိုသိနေသည့်အလား.....
သူလုပ်ထားသည့်အပြစ်က
သတ်ရလောက်တဲ့ အထိတော့မဟုတ်ပေမယ့် အမိန့်ပေးသူကမည်သူမို့လို့လဲတစ်မိုးအောက်တစ်ယောက်
မစ္စတာဂျွန် လို့ခေါ်တဲ့ဥပဒေနဲ့
မလွတ်ကင်းတဲ့အလုပ်မှန်သမျှကို
နောက်ကွယ်မှာကြိုးကိုင်ထားပြီး
အခုအချိန်ထိသူ့ရုပ်ကိုဘယ်သူမှ
မမြင်ဖူးကြဘူး။ယုတ်စွအဆုံးသူ့ရဲ့
အနီးကပ်ကိုယ်ရံတော်နှစ်ယောက်
တောင်မှ၊မျက်နှာဖုံးအောက်က
မျက်နှာကိုမမြင်ဖူးဘဲ အသံတစ်ခုတည်း
ကိုသာနားထောင်ပြီး၊ညွှန်ကြားချက်တွေအတိုင်းလုပ်ဆောင်ရသည်။သေဆိုသေ၊ရှင်ဆိုရှင်
သူ့အမိန့်အတိုင်း တစ်သွေမသိမ်း
နာခံမှသာ အသက်ရှင်နေထိုင်ရတာ
လွယ်ကူတယ်။"ချမ်းသာပေးပါ ဟုတ်လား"
ဒူးထောက်ထားတဲ့သူရဲ့
မျက်နှာကိုလက်တစ်ဖက်နဲ့ဆွဲမော့ကာ
မေးလိုက်ပုံက အေးစက်လှသည်။
မျက်နှာဖုံးအောက်မှပေါ်နေသော
မျက်ဝန်းတစ်စုံက စူးရဲနေပြီး
အကြည့်တစ်ချက်နဲ့တင်
ကြောက်ဒူးတုန်သွားရလောက်တဲ့အထိ
စွမ်းဆောင်နိုင်လှသည်။'မင်းလုပ်ထားတဲ့အပြစ်ကို
ငါကမမြင်ချင်ယောင်ဆောင်ပြီး
ခွင့်လွှတ်ပေးရမယ်ပေါ့...'"..........."
'ဟမ် ဖြေလေ'
"မ..မဟုတ်ပါဘူး ...
ကျွန်တော်ကဘာကြောင့် သစ္စာဖောက်ရမှာလဲ..""ဟား ဟား
ရယ်ဖို့ကောင်းလိုက်တာကွာ
ဘယ်သူခိုးကများ ကျွန်တော်ခိုးပါတယ်လို့ ဝန်ခံဖူးလို့လဲ"ဟက်ဟက်ပက်ပက်၊ရယ်လိုက်ရင်း
ဘေးမှကိုယ်ရံတော်နှစ်ယောက်ဆီမှ
တစ်စုံတစ်ခုကိုတောင်းယူလိုက်သည်။
YOU ARE READING
"Why?"