Part4
ထယ်ယောင်းတစ်ယောက် သူ့ရှေ့မှာမျက်နှာတည်ပြီးလမ်းလျှောက်နေသော ဘိုဂမ်hyung
ကိုကြည့်၍ တံထွေးကိုဂလုခနဲမြည်အောင်
မြိုချမိလိုက်သည်။အပြင်ခိုးထွက်တဲ့အပြစ်အတွက် နားတွေပူထူနေအောင်အဆူခံရတော့မယ်လို့ ကြိုသိနေတာမို့ ဆိုဖာပေါ်မှာထိုင်နေ
သော မိမိကိုယ်ကိုသက်တောင့်သက်သာ အနေအထားပုံစံလေး မသိမသာပြင်နေရသည်။
ဘယ်လောက်ကြာမှာလဲမသိနိုင်ဘူးလေ..........."ဂလု..."
"ဒီမှာယောင်းငယ် hyungပြောတာကို
ဘာလို့နားမထောင်ရတာလဲ""ကျွန်တော်က အိမ်ထဲမှာနေရတာနည်းနည်း
ပျင်းလာလို့ပါ"ဟုတ်တယ်လေ သူ့လိုလမ်းပေါ်မှာကျင်လည်
နေခဲ့ရတဲ့လူတစ်ယောက်အဖို့ ဘယ်လောက်ပဲ
အိမ်ထဲမှာပြည့်စုံအောင်ထားထား၊နေရတာမွန်းကြပ်တာပဲ....."အပြင်ကဘယ်လောက်အန္တရာယ်များတယ်
ဆိုတာ သိရဲ့သားနဲ့ကွာ......ကျစ်....""............"
ထယ်ယောင်းနှုတ်ဆိတ်နေမိသည်။
ဘယ်တုန်းကများသူ့အပေါ် ဘိုဂမ်hyungက
ကြာကြာစိတ်ဆိုးဖူးလို့လဲ၊စတွေ့ပြီး အိမ်ခေါ်လာကတည်းက ညီအရင်းလေးတစ်ယောက်လို
ဖူးဖူးမှုတ်ထားတာဖြစ်သည်။ဒါကြောင့်မို့ခဏ
လောက်အဆူခံလိုက်ရင်ပြီးသွားမည်ဆိုတာ
သိသည်။"ပြီးတော့ယောင်းငယ်လို ဥပဒေနဲ့မကင်းတဲ့သူဆို
ပိုပြီးတော့ အပြင်မထွက်ရဘူးဆိုတာကို
နားထောင်သင့်တယ်""ခိုးမှုလေးတစ်ခု၊နှစ်ခုကျူးလွန်မိတာကို
ရာဇဝတ်သားကြီးလိုကို ဆက်ဆံနေတာပဲ
hyungက....."ဩရှရှအသံနဲ့မကြားတကြားပြောလိုက်တော့
"မဟုတ်ဘူးလေကွာ.....hyungပြောချင်တာက
ဘာပဲဖြစ်ဖြစ်ယောင်းငယ်က ကိုယ့်ထက်ငယ်တယ်လေ...ဒီအစ်ကိုကြီးကကိုယ့်ညီလေးကို
စိတ်မချလို့ပြောမိတာပါ"ဒီလိုပဲဖြစ်ရမယ်လေ နောက်ဆုံးတော့လည်း
သူလိုဟန်ဆောင်ကောင်းတဲ့ညီငယ်လေးကို
ဘယ်သူကများ ဆူရက်တော့မှာလဲ....
ဒါပေမယ့် မှင်သေသေမျက်နှာထားမျိုးနဲ့ပဲ
ဆက်ပြီးတော့....
YOU ARE READING
"Why?"