Part5

66 7 0
                                    

Part5(2.8.2022)

ဟန်မင်ယော့တစ်ယောက် သူ့ကိုယ်သူမှန်ထဲကိုကြည့်လိုက်ရင်း ကျေနပ်နေမိသည်။ဂျွန်တော့
သူ့ကိုမြင်ရင်ကျေနပ်သွားမှာဘဲ.........
ဂျွန်ကိုယ်တိုင်က သူ့ပါတနာအဖြစ်ပွဲတက်ပေးပါလို့တောင်းဆိုတော့၊စိတ်ထဲကကြိတ်ဝမ်းသာနေမိသည်။ဖြစ်နိုင်ရင် ဂျွန့်လိုလူမျိုးကိုသူ့အပိုင်အဖြစ်အများရှေ့မှာချပြချင်လှပြီ။
သူ့လိုပြည့်သူ့အချစ်တော်idolတစ်ယောက်က
ခခယယပြုမူရတဲ့အထိ ဂျွန်ကပိုင်စိုးပိုင်နင်းဆန်လှသည်။ဒါတောင်မှပဲ စိုးမိုးလွန်းတဲ့လူသားကို
အခုထိမလွှတ်တမ်းဖက်တွယ်ထားမိတယ်။

အတွေးထဲမှာမျောနေရင်း stylish ရဲ့အသံကြားမှအသိဝင်လာမိသည်အထိ ဂျွန်ဆိုတဲ့လူသားကို
ယစ်မူးရပါသည်။ဖြူလွနေတဲ့အပေါ်အောက်
ဆင်တူအဝတ်အစားကိုဝတ်ထားတဲ့ကိုယ့်ကိုယ်ကိုတစ်ပတ်လှည့်လိုက်ကာ

"ဆံပင်ကိုအရမ်းကြီးမဖြီးဘဲ နဖူးပေါ်မှာဝဲနေသလိုလေးလုပ်ပေးပါ"

မင်ယော့ပြောလိုက်တော့ stylish အမလည်း
dryerကိုယူ၍

"မင်ယော့က ဘာမှပြင်ဆင်စရာမလိုလောက်အောင်ကိုချောပြီးသားဟာကို ဘယ်သူ့အတွက်များဒီလောက်ပြင်နေရတာလဲ"

ဟုတ်တာပေါ့ နာမည်ကြီးတစ်ယောက်ရဲ့datingသတင်းကသူ့ကိုချစ်တဲ့fanတွေအတွက်တော့ ကမ္ဘာစစ်ထက်ပိုအရေးကြီးတယ်၊
သတင်းသမား၊မီဒီယာတွေအတွက်ကတော့
ကမ္ဘာကျော်မိုနာလီဇာပန်းချီကားအခိုးခံရတာထက်ပိုစိတ်ဝင်စားဖို့ကောင်းတယ်၊
အင်တာတိန်းမန့်ပိုင်ရှင်စီအီးအို၊အေဂျင်စီတွေအတွက်တော့ ရှယ်ယာစျေးတွေထိုးကျသွားတာထက်ပိုပြီးပူပန်ရတယ်။

ဒါကြောင့်မို့သူဟာဂျွန်နဲ့ပတ်သတ်တဲ့ကိစ္စကို
အခုချိန်အထိ အတိအလင်းမကြေငြာနိုင်သေးဘူး။အထူးသဖြင့် သူဟာgayတစ်ယောက်ဆိုတာ
သာအားလုံးသိသွားကြရင် စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ဖြစ်လာမှာတော့အသေအချာပဲ။

"ဒီလိုပါဘဲ အထက်တန်းကျောင်းတုန်းကသူငယ်ချင်းတွေအတူတူဆုံတဲ့ပါတီတစ်ခုလောက်ပါဘဲ ကိုယ်ကအနုပညာရှင်တစ်ယောက်ဆိုတော့ နည်းနည်းပါးပါးပြင်ဆင်ရတာပေါ့"

"Why?"Where stories live. Discover now