အခန်း(၄)

661 29 0
                                    

နောက်တနေ့ မနက် ,
   မနက် ၈နာရီ အချိန်ထိ မနိုးနေသေးသည့် ခင်ဖြူချစ်ကိုကြည့်ပြီးကရုဏာ ဝင်နေသူမှာ ယုယမောင်ပင်။ မနိုးရက်နေသည့်အတွက် ခင်ဖြူချစ်ပိုမို အိပ်ပျော်စေရန် အခန်းတွင်းရှိ လိုက်ကာများအား သေချာလုံအောင် ပိုမိုပိတ်လိုက်ရင်း အခန်းပြင်ထွက်သွားတော့သည်။ အခန်းပြင်အထွက် လှလှပပလေးဝတ်ဆင်ထားကာ အဆင်သင့်ဖြစ်နေသည့် သမီးဖြစ်သူသျှားသျှားကိုတွေ့လိုက်ရသည်။

"သမီး ဘယ်လဲ"
"ရှင် ..အာ သူငယ်ချင်းတွေကို သွားကြိုမလို့လေ"
"ဪ ...ကိုယ်တိုင်ကားမောင်းသွားမလို့လား"
ယုယမောင် လေသံမှာ စိတ်ပူသည့်အရိပ်အယောင်များပါနေသည်ကို သျှားသျှားလည်းသိလိုက်သဖြင့် အမေဖြစ်သူနားသို့ကပ်လာရင်း ယုယမောင်​၏ လက်မောင်းများကို တွယ်ခိုလိုက်ရင်း ။

"မာမီ..."

"လုပ်ပြီ အမေတူသမီးလို့ မပြောရဘူး "

စတင်ချွဲလာသည့်အတွက် ယုယမောင်လည်း အရည်ပျော်နေရတော့၏။

"ဟီးဟီး ...စိတ်ချပါလို့ ၊ တိုင်းတပါးမှာတောင် မာမီတို့ မရှိပဲ သျှားနေလာခဲ့တာပါ ။ ကားမောင်းတာလောက်က တော့ မာမီစိတ်မပူသင့်ပါဘူးနော် ဟွန်း ပြီး သျှားအသက်ပဲ ၂၃ နှစ်ဖြစ်နေပြီ"

"သမီး ..မိဘဆိုတာကတော့ သမီး ဘယ်အရွယ်ပဲရောက်ရောက်သမီးကို ကလေးလို့ပဲ မြင်နေမှာပဲ ၊ အေးပါ ကားကို ဂရုစိုက်မောင်း"

"ဟုတ် မာမီ ..ချစ်တယ်" ဟုပြောရင်း ပါးကိုနမ်းကာ ထွက်သွားတော့သည် ။ သမီးဖြစ်သူ တဖြေးဖြေးအရွယ်ရောက်လာပုံကို ကြည့်ရင်း သမီးဖြစ်သူမွေးခါစအရွယ်တွင် နှစ်ယောက်သား ဒုက္ခရောက်ခဲ့ပုံများကို ပြန်လည်မြင်ယောင်လာမိသည် ။

လွန်ခဲ့သော ၂၃ နှစ်ခန့်

"နာလိုက်တာ..နာလိုက်တာ  "ဟု ဖြေးဖြေးလေးသာ ညည်းနေမိသည့် လူနာကုတင်ပေါ် က ခင်ဖြူချစ်ကို ကြည့်ရင်း ယုယမောင်လည်း မျက်ရည်များနှင့် ကုတင်ဘေးတွင် ထိုင်နေမိသည် ။

"ချစ်ချစ် ..မ ဘာလုပ်ပေးရမလဲ "

"ရတယ်..ရတယ် "

ခင်ဖြူချစ်မှာ အံကိုကြိတ်လျှက် တစ်ယောက်တည်း သည်းခံနေသည့်ပုံမှာ ယုယမောင်အတွက် ရင်ကွဲလှသည် ။

မိန်းမလှ မာယာ (မိန္းမလွမာယာ)Tempat cerita menjadi hidup. Temukan sekarang