~ ၁ ~

590 19 8
                                    

[ Unicode ]
-----------------

အပေါ်ထပ်တစ်ခုလုံးတိတ်ဆိတ်နေသည်မှာ အပ်ကျသံမျှပင်မကြားရ ။ ပုံမှန်ဆိုရင် အဘွားဖြစ်သူရဲ့ဆွဲဆွဲငင်ငင်ဘုရားရှိခိုးသံထွက်လာတိုင်းနိုးသွားတတ်စမြဲ ။ အခုတော့ အိပ်ရာထနောက်ကျ၍ထင် လှေကားထစ်ကနေအောက်ထပ်သို့ဆင်းလာသည့်တိုင် လူအရိပ်အယောင်လေးတောင်မတွေ့ရပဲအိမ်ကြီးဟာပိုပြီးခြောက်သွေ့ငြိမ်သက်နေပါ၏ ။ ဒီမနက်ကျမှ ထူးထူးဆန်းဆန်းကသိကအောက်ခံစားချက်မျိုးရနေတာဖေဖေ့ကိုတွေ့လိုက်ချိန်တွင် တည်တံ့စေရဲ့စိတ်ထဲ၌ပိုပြီးလေးလံကျသွားခဲ့လေသည် ။

" ဖေဖေနေကောင်းရဲ့လား … မျက်နှာလည်းမလန်းဘူး "

မနက်စာစားပွဲမှာကော်ဖီခွက်ကိုမှိန်းသောက်နေတဲ့ဖေဖေက မပြုံးမရယ်မျက်နှာဖြင့်မော့ကြည့်ကာ

" ညကအိပ်မပျော်လို့ … မိုးလင်းခါနီးကျမှတရေးလောက်ပဲအိပ်လို့ရသွားတာနဲ့ခေါင်းနည်းနည်းနောက်နေတာ … ဘာမှထွေထွေထူးထူးမဟုတ်ဘူး "

" ဒါဆိုဒီနေ့အလုပ်မသွားပဲခွင့်ယူပြီးနားလိုက်ပါလား "

ထိုအခါကျမှဖေဖေကဖွဖွပြုံးလာသည် ။ သားဖြစ်သူရဲ့ဂရုစိုက်နွေးထွေးမှုကိုရရှိလိုက်သော အဖေတစ်ယောက်၏ကျေနပ်နှစ်သိမ့်ဟန်မျိုး ။

တကယ်ဆို ကျွန်တော့်နေရာမှာမေမေဖြစ်သင့်တာ ။

အင်း ဒါကလည်းထီမထိုးပဲထီပေါက်ချင်နေတဲ့ဆန္နလိုပဲ မဖြစ်နိုင်တာသေချာလွန်းလှသောအခြေနေတစ်ခုပေ ။

ကျွန်တော်နဲ့ဖေဖေ ယခုလိုမျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောနေရတဲ့အနေထားမျိုး မေမေတို့ကြားမှာမရှိခဲ့တော့တာဆယ်စုနှစ်တစ်ခုတောင်လွန်သွားခဲ့ပါပြီ ။ ဆယ်ကျော်သက်အရွယ်ကလေးဘဝမှာကတည်းက ဖေ့ဖေ့ကိုတွေ့ရင်မေမေကောလို့မမေးဖြစ်သလို မေ့မေ့ကိုမြင်ရင်လည်းဖေဖေကောလို့မေးခွန်းမထုတ်မိတော့တာ သူ့အလိုလိုနားလည်လာသောသိတတ်မှုပင် ။

ကျွန်တော်နှင့်အတူရှိရင်ပြုံးယောင်သန်းနေတတ်တဲ့မေ့မေ့နူတ်ခမ်းပါးတွေဟာ ဖေဖေနဲ့ဆိုရင်တည်တင်းနေသလို စကားနည်းပေမဲ့ကျွန်တော့်အပေါ်နွေးထွေးကြင်နာခြင်းတွေလွှမ်းခြုံထားသောဖေ့ဖေ့အကြည့်များက မေမေနဲ့ဆိုရင်တော့အေးစက်လို့ ။ မျဉ်းပြိုင် ၂ ကြောင်းကဲ့သို့ ဘယ်တော့မှဆုံစည်းဖို့မဖြစ်နိုင်တော့တဲ့မိဘနှစ်ဦးကြားကဆက်ဆံရေးကို တည်တံ့စေအဖို့နေသားကျနေပါပြီ ။ တရားဝင်ကွာရှင်းစာချုပ်မှာလက်မှတ်ရေးမထိုးထားပဲတစ်အိမ်တည်းအတူတူနေပေးရုံနဲ့တင် ကျေးဇူးတင်ရပြန်သေးတာ ။ အနည်းဆုံးတော့ အဆိုးထဲကအကောင်းဆိုသလို အဖေအမေစုံစုံလင်လင်ရှိပြီးမိဘတွေနှင့်တစ်မိုးအောက်ထဲမှာအတူတူနေထိုင်ရတာက ကျွန်တော့်အတွက်ကံကောင်းခြင်းတစ်မျိူးမဟုတ်လား ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now