[ Unicode ]
-----------------" ကိုလေး "
" ပြော "
ကောင်တာမှာထိုင်ပြီးစာရင်းတွေတစ်ချက်ပြန်စစ်ကြည့်နေတုန်း တံခွန့်အနားသို့ကုတ်ကုတ် ကုတ်ကုတ်နဲ့ရောက်လာသောတကွတ်ကခပ်တိုးတိုးလှမ်းခေါ်သည် ။
" ဒီညနေကပဲ ကြည်ဖြူနဲ့ကိုတည်တို့ရွှေဘုန်းပွင့်ဘုရားတူတူသွားကြတာ ကိုလေးသိလား "
" ဘာဖြစ်တယ် "
စစတုန်းက တကွတ်ပြောလာမဲ့စကားတွေကိုသာမာန်ကာလျှံကာလောက်ပဲနားစွင့်နေတုန်း မထင်မှတ်ထားတာကြားလိုက်ရ၍ဂဏန်းပေါင်းစက်ဆီရောက်နေတဲ့သူ့ရဲ့လက်တွေပင်တန့်ခနဲ ။ မြန်မြန်ဆန်ဆန်မော့ကြည့်လိုက်မိတဲ့သူ့မျက်လုံးတွေထဲမှာ မတင်မကျဖြစ်သွားသောအငွေ့အသက်တစ်ချို့ကအလိုလိုခိုတွဲလျှက် ။
" ၂ ယောက်တည်းသွားတာလား "
" အဲ့ဒါတော့ကျုပ်လည်းသေချာမသိဘူး … ဒါပေမဲ့ ၂ ယောက်တည်းဖြစ်ဖို့များတယ်ကိုလေးရ … စောနလေးတင် ကြည်ဖြူ့ကိုဘယ်ကပြန်လာတာလဲမေးလိုက်တော့ ကိုတည်နဲ့ရွှေဘုန်းပွင့်ဘုရားသွားပြီးပြန်လာတာလို့ပြောတယ် "
" ကျစ် ! ဘယ်အချိန်ရှိနေပြီလဲ … မိုးတောင်ချုပ်တော့မယ် .. ဘာလို့သူတို့ကဒီအချိန်ကြီးသွားရတာလဲ "
" ဒါဆိုအဲ့ကိစ္စ ကိုလေးမသိဘူးပေါ့ "
" ဟင့်အင်း … ကြည်ဖြူဘာမှပြောမသွားဘူး "
ကိုယ့်ညီမမျက်နှာကိုယ်ပြန်မြင်ယောင်မိတော့ စိတ်ထဲမှာအောင့်သီးအောင့်သက်ခံစားချက်ကဘာကြောင့်မှန်းမသိ ။
သေချာတာတစ်ခုကတော့ ခုလိုအချိန်မျိုးမှာတောင်ပေါ်ကဘုရားဆီမိန်းကလေးနဲ့ယောကျာ်းလေး ၂ ယောက်တည်းအတူတူသွားတာကိုသူသဘောမတွေ့ပါ ။ ဟိုလူကသွားချင်တယ်ဆိုရင်တောင်တခြားအဖော်တွေအများကြီးရှိတာပဲမဟုတ်ဘူးလား ။ ဘာလို့ကြည်ဖြူ့ကိုမှလဲ ။
နောက်ပြီး ကြည်ဖြူကကောသူ့လိုသူစိမ်းဧည့်သည်နဲ့ ၂ ယောက်တည်းလိုက်သွားစရာလား ။
အချိန်ကလည်း မနက်ပိုင်းသွားလို့ရရဲ့သားနဲ့ဘာလို့ညနေစောင်းချိန်နေဝင်သွားတော့မှလဲ ။
YOU ARE READING
ဝေး ( ongoing ) ေဝး
Romance[ Unicode ] ----------------- အလွမ်းရယ်မပြယ် အချစ်ကဘယ်ဆီဝယ် ဆုံမှတ်တွေလွဲဖယ် ကျီစယ်တဲ့ကြမ္မာငယ် ချစ်ပါလျှက်ဝေးစေတယ် [ Zawgyi ] ---------------- အလွမ်းရယ်မပြယ် အချစ်ကဘယ်ဆီဝယ် ဆုံမှတ်တွေလွဲဖယ် ကျီစယ်တဲ့ကြမ္မာငယ် ချစ်ပါလျှက်ဝေးစေတယ် Moon ( Owncreation...