~ ၂၃ ~

39 4 3
                                    

[ Unicode ]
-----------------

<<<<< Flash back >>>>>

🎶 အမှတ်တမဲ့နဲ့ကြည့်လိုက်တဲ့ မင်းရဲ့မျက်ဝန်းလေးဟာ ××× တို့အတွက်တော့ အမှတ်တရဖြစ်မိပြီကွယ် ×× နှလုံးသားကိုရစ်ပတ်နှောင်ဖွဲ့ ၊ ဖြတ်ဖို့ရာမကြိုးစားချင်ခဲ့ ×× နွယ်ဆိုတာရစ်ဖွဲဲ့တဲ့သဘောပဲ ... ×××

ရေချိုးပြီးခါစမို့ အဝတ်လဲရန် shirt အင်္ကျီကြယ်သီးတပ်နေတုန်း ခပ်တိုးတိုးလွင့်ပျံလာခဲ့တဲ့သီချင်းသံသဲ့သဲ့ ။

သက်ဆိုင်ရဲ့လှုပ်ရှားနေသောလက်တွေပင်ရပ်တန့်သွားကာ ချိုအေးတည်ငြိမ်တဲ့အသံလှိုင်းဖြင့်သီဆိုနေသောအဆိုတော်မိန်းမတစ်ယောက်ရဲ့အသံကို ကောင်းကောင်းကြီးနားထဲမှာရင်းနှီးနေသည် ။ မည်သူမှန်းသေချာသိရအောင်တိတ်တဆိတ်နားစိုက်ထောင်မိတော့ ထိုသီချင်းသံစဥ်ကငြိမ်းအေးစွာထွက်ပေါ်နေဆဲ ။

အဝေးကလာတာမျိုးမဟုတ်ပါ ။ သေချာပေါက် သက်ဆိုင်ရှိနေတဲ့အိမ်အောက်ထပ်ကနေကြားနေရသော နီးနီးကပ်ကပ်သီချင်းသံ ။

××× ဘယ်လောက်ထိအောင်ချစ်ခဲ့ပြီလည်း မေးစမ်းပါနဲ့ကွယ် ×× တို့ဘဝမှာနက်ဖြန်ဆိုတာမရှိလောက်အောင်ပဲ .. လှမ်းကြည့်ရာရှစ်ရပ်ခွင်ထဲ ၊ ပြုံးစဟန်နွဲ့နွဲ့ရင်ထဲ နွယ်တစ်နွယ်လိုရစ်ဖွဲ့နှောင်ခဲ့ပြီ ×××

ကူးဖြတ်ခဲ့မိတဲ့ အညတြညတွေထဲ ×× ပြောပြရင်မင်းယုံမှာလား ... မင်းအကြောင်းကိုမတွေးပဲနဲ့ အိပ်ခဲ့တဲ့ညတွေ ××× ကိုယ့်ဘဝမှာတကယ် တကယ်မရှိပါ ×××

ဟော တရားခံကိုရှာတွေ့ပါပြီ ။

ညီမဖြစ်သူရဲ့အခန်းထဲမှာမတိုးမကျယ်ဖွင့်ထားသော ကတ်ဆတ်ဆီမှအသံ ။

အသက် ၁၂ နှစ်ကျော်ခဲ့စဥ်ကတည်းက သက်ဆိုင်တို့မောင်နှမ ၂ ယောက်ကိုအမေကတစ်ခန်းထဲအတူတွဲမအိပ်စေတော့ပါ ။ မိန်းမသားဖြစ်သောမိမြတ်ကိုသာ အခန်းထဲမှာတသီးတသန့်ရှိနေစေပြီး အိမ်ရှေ့ခန်းဘုရားစင်ရှေ့မှာလိုက်ကာစနှင့်ကာပေးရင်း ထိုနေရာကကျွန်တော့်အတွက်တစ်ကိုယ်ရည်စာအိပ်စက်ရာဖြစ်လာခဲ့သည် ။ ဒီအသက်ရွယ်ထိ အိမ်ရှေ့ခန်းနေရာလွတ်ကလေးကသက်ဆိုင်သူရဲ့ကိုယ်ပိုင်နယ်မြေပေါ့ ။ လိုက်ကာချထားတာမို့ ကျောဆန့်ပြီးလှဲချင်ရင်တောင် ဧည်သည့်ဝင်လာတဲ့အခါမှာဘယ်လိုပုံစံဖြစ်နေမလဲမမြင်ရ၍ အများအမြင်လည်းသင့်တော်ပေ၏ ။ ကိုယ်ပိုင်သီးသန့်အခန်းမရှိလို့ မကျေနပ်တာမျိုးတော့မဖြစ်ချေ ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now