~ ၁၅ ~

296 10 7
                                    

[ Unicode ]
-----------------

" အင့် ! ဆိုင့်အတွက် "

" ဘာကြီးလဲ "

သိချင်ရင်ကိုယ့်ဘာသာကိုယ်ဖွင့်ကြည့်ကြည့်ဆိုတဲ့သဘောဖြင့် နက်ရိူင်းကကျွန်တော့်ကိုမေးငေါ့ပြသည် ။

ယနေ့ကသက်ဆိုင်တို့ရဲ့အဖြူအစိမ်းဝတ်ကျောင်းသားဘဝကိုကုန်ဆုံးရသော နောက်ဆုံးရက်ကလေး ။

ဘဝရဲ့တစ်ဆစ်ချိုးအနေနဲ့ခက်ခက်ခဲခဲဖြေဆိုခဲ့ရသော ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့ ။

တစ်နှစ်လုံးစာဝန်ထုပ်ဝန်ပိုးကြီးကိုပေါ့ပါးလွတ်လပ်စွာ အပြီးတိုင်လွှတ်ချလိုက်ရတဲ့နေ့မို့ ခြေလှမ်းတွေကအစတက်ကြွနေတော့သည် ။ စာမေးပွဲမှာအားလုံးဖြေနိုင်ကြောင်း ကျူရှင်ဆရာမဆီသက်ဆိုင်တို့အုပ်စုသွားပြောကြတော့ ချစ်ချစ်နဲ့မိမြတ်ကသူမတို့ရဲ့တခြားသူငယ်ချင်းကောင်မလေးများနှင့်ဆုံကြ၍ ရုပ်ရှင်တူတူသွားကြည့်ကြမလို့ဆိုပြီးပါသွားလေရဲ့ ။ အဲ့တော့ ကျွန်တော်ကပဲနက်ရိူင်းနှင့်အတူတူ ၂ ယောက်တည်းပြန်ရဖို့ဖြစ်လာ၏ ။

မိမြတ်ကစက်ဘီးယူသွား၍ သက်ဆိုင်ရဲ့ချည်သားကချင်လွယ်အိတ်လေးက နက်ရိူင်းစက်ဘီးခြင်းထဲမှာထပ်ရက်သား ။ ကျူရှင်နဲ့အိမ်ကသိပ်မဝေးလို့ သူငယ်ချင်း ၂ ယောက်တူတူလမ်းလျှောက်ပြန်ဖို့သာဆုံးဖြတ်လိုက်ချိန် လမ်းမှာကျွန်တော့်ထံကမ်းပေးလာသောစာရွက်ဖြူကလေး ။

ရုတ်တရက်မို့ကြောင်သွားပေမဲ့ နက်ရိူင်းကဖွင့်ကြည့်ဆိုလို့စာရွက်ခေါက်ကလေးကိုဖြန့်ကြည့်လိုက်တော့ မျက်လုံးလေးပင်ဝိုင်းကာအနည်းငယ်မင်သတ်သွားမိသည် ။

လှလိုက်တာလို့ပါးစပ်ကနေရေရွတ်ရတဲ့အထိ စာရွက်ဖြူပေါ်မှာသပ်သပ်ရပ်ရပ်ပုံဖော်ခြယ်မှုန်းထားသော အိမ်ငယ်ကလေးဟာအနုပညာမြောက်စွာ ။

တြိဂံပုံစံအညိုရင့်ရောင်အိမ်ခေါင်မိုးလေးက အနောက်မှာခပ်ကြီးကြီးဖြစ်ပြီး အိမ်ဝင်ပေါက်နေရာမှာကျအသေးလေးတစ်ခု ။ အိမ်ရဲ့ကိုယ်ထည်ကိုတော့ အဝါနုရောင်လေးခြယ်ထားပြီး အိမ်မျက်နှာစာနေရာနဲ့တိုင်လုံးတွေကိုကျ အညိုရင့်ရောင်နှင့်ရောစပ်ထားကာ ပြတင်းပေါက်တွေကိုတော့အဖြူစွတ်စွတ်လေးပုံဖော်ထားသည် ။ ရိုးရိုးရှင်းရှင်းတစ်ထပ်အိမ်ကလေးဆိုသော်လည်း ကြည့်လိုက်ရုံနဲ့အမြင်အေးချမ်းပြီးနေချင်စရာလေးဖြစ်နေတာဝန်ခံရလိမ့်မည် ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now