Ombrophobia

161 10 2
                                    


ဂျိမ်း........ဖလပ် (လျှပ်စီးလပ်)

မိုးတွေသည်းကြီးမဲကြီးရွာနေတဲ့အချိန်
အဝေးပြေးပေါ်မှာ ဖြတ်မောင်းနေတဲ့ကားတစ်စီး
ထိုကားအတွင်းတွင်တော့ 10 နှစ်အရွယ်ချစ်စရာကလေးမလေးကသူမရဲ့မိဘနှစ်ပါးနဲ့အတူ သီချင်းလေးဆိုကာ ခရီးထွက်လာခဲ့ကြတယ်

' like an ego in the forest...... '

'Yay....life goes on...'

10 နှစ်အရွယ်ကလေးမလေးသည် BTS ကိုအရူးအမူးသဘောကျတာကြောင့် သူမ၏မိဘများသည်လဲ ချစ်ရတဲ့သမီးလေးအကြိုက် Life goes on ကိုအတူတူလိုက်ဆိုပေးရတော့တယ်

ထိုကလေးမလေးစိတ်တွင် အခုလိုအမြဲတမ်းခရီးထွက်နေရရင်ကောင်းမယ်လို့တွေးနေခဲ့တာ

အရမ်းကိုပျော်ဖို့ကောင်းသည်လေ
ထိုပျော်စရာအချိန်လေးကိုဖျက်ဆီးသည်ကတော့....

ကျွီ.......ဒုန်း......

မိုးရွာနေသောကြောင့် ချောနေသော လမ်းနှင့် အရှေ့က မူးပြီးအရှိန်ဖြင့်လာသောကားကြောင့် ထိုကလေးမလေးရှိရာကားဆီကို ဒုန်းခနဲ....

သူမရဲ့မိဘနှစ်ပါးသည်လဲ ဘေးကိုလွင့်ထွက်သွားကာ ပွဲချင်းပြီးဆုံးသွားလေပြီ

ထိုကလေးမလေးကတော့ ကံကောင်းစွာအသက်ရှင်ကျန်နေခဲ့သည်လေ...

' ဖေဖေ ထပါအုံး ဟင် '
'မေမေ သွေးတွေထွက်နေပြီ '
'ထပါအုံး....သမီးကိုမစပါနဲ့ သမီးအိမ်မပြန်တတ်ဘူးမေမေ အဟင့် အီးဟီး.........'

တစ်ဖက်က ကားကလူလဲ တစ်ဆက်ထဲပင် အသက်ရှူရပ်သွားလေပြီ

ကလေးမလေးမှာ ဘယ်သူ့ကိုအကူအညီတောင်းရမှန်းမသိ တစ်ယောက်ထဲငိုကြွေးနေတော့သည်
ထိုအချိန် ဖြတ်မောင်းလာသောကားတစ်စီးမှ လူကြီးတစ်ယောက်ဆင်းလာကာ ရဲများကိုအကူအညီခေါ်လိုက်သောကြောင့် ရဲများနဲ့ ambulance ရောက်လာတဲ့အချိန်

ကလေးမလေး မိဘနှစ်ပါးမှာ အသက်မရှိတော့

' သမီး စိတ်အေးအေးထားပြီး ဦးတို့မေးတာဖြေနော်'

'. ..........'

' ဘယ်ကနေစဖြစ်လဲဆိုတာရှင်းပြပေးမလား'

' ရှေ့က ကား....ကားက ဝင်လာတာပြီးတော့ ဖေဖေ နဲ့မေမေက ဟိုးအဝေးကြီးကိုလွှင့်သွားတာ သမီးခေါ်တော့လဲမထူးဘူး ဦးဦး ဖေဖေတို့ရောဟင်'

Ombrophobia Where stories live. Discover now