Ombrophobia 6

49 4 1
                                    

သူငယ်ချင်းမ ကောင်းမှုကြောင့် ဂျောင်ကု အိမ်ကို ပြောင်းနေလိုက်တယ်

ကိုယ်က အလကားသက်သက် လာရှုပ်နေမိသလိုဖြစ်နေတော့ ဂျောင်ကုအိမ် ဝေရာဝိစ္စတွေကို လုပ်ပေးဖြစ်တယ်

'ဂျောင်ကု မနက်စာပြင်ပြီးပြီ စားကြမယ်လေ'

'အာ....ကိုယ်လာပြီ'

ကိုယ်လဲ မနက်ဘက်ကြီးကို ထမင်းတွေမစားချင်တာနဲ့ ပေါ့ပေါ့ပါးပါး ပေါင်မုန့်အသားညှပ်ရယ် ကော်ဖီရယ်ပဲဖျော်လိုက်တယ်

''ဘယ်လိုနေလဲဟင်'

'အင်မ်း.......byeol လုပ်ပေးတာမို့ ပိုအရသာရှိတယ်'

'အာ.... တော်သေးတာပေါ့ ပုံမှန်တိုမနက်ဘက်ဘာစားတတ်လဲဟင်'

'ကိုယ်မစားဘူး ကျောင်းရောက်မှဝယ်စားဖြစ်တယ်'

'အာ....အပြင်စာတွေသိပ်မစားပါနဲ့ မနက်စာကအရေးကြီးတယ်လေ သေချာစားသင့်တယ်'

'အင်း....byeol'

'ဟင်'

'ကိုယ်တစ်ခုသွားသတိရမိတယ်'

'ဘာကြီးလဲဟင်'

'အလုပ်များနေတဲ့ယောကျ်ားဖြစ်သူကို မိန်းမဖြစ်သူက အပြင်စာတွေလျှောက်မစားဖို့ မှာနေသလိုလေ'

'ဖွီး......အဟွတ်'

ဘုရား သူဘယ်လိုတွေတောင်ပြောနေတာပါလိမ့်

'အဟက် စတာပါ byeol က အတည်ဖြစ်ချင်နေတာလား'

'ဟင် မ....မဟုတ်ပါဘူး'

'စားပြီးလာခဲ့ ကျောင်းတူတူသွားမယ်'

'ဟုတ်'

Flirty ဂျောင်ကုပါ😆

ကိုယ်လဲ စားပြီးတာနဲ့ လွယ်အိတ်လွယ်ပြီး အိမ်ကိုသော့ခတ်ပြီး ထွက်လာလိုက်တယ်

ဂျောင်ကုက ကားပေါ်မှာ သူမကိုစောင့်​နေတာ

'ကျောင်းမှာ အရင်ကလို bully တဲ့သူတွေလာသေးလား'

'ဟင့်အင်း မလာတော့ပါဘူး'

'အင်း မိုးရွာရင် ကိုယ်လာခဲ့မယ် အကယ်၍ အဲ့အချိန်စာသင်နေခဲ့ရင် ဆရာမကိုပြောပြီးထွက်လာခဲ့'

'ဟုတ်'

စာသင်နေတဲ့တစ်ချိန်လုံး မနက်ကဂျောင်ကုစလိုက်တာကိုပဲတွေးမိနေတယ်

Ombrophobia Where stories live. Discover now