Ombrophobia 5

38 3 0
                                    

' jung gi ရား....ပြောစရာရှိတယ်ဆို ပြောလေဟာ'

Jungi သည် သူမအား ပြောစရာရှိတယ်ဟုဆိုကာ ချိန်းထားပြီး ဘာမှမပြောသောကြောင့် စိတ်မရှည်ကာမေးလိုက်ခြင်းဖြစ်သည်

'Jung gi yar..... ငါ့ကိုရောမြင်သေးရဲ့လား'

အင့်ဟယ်..... ဂွက်

'အား.....နာလိုက်တာ အရူးမဘာလို့ရိုက်တာလဲ အား....ကျွတ်ကျွတ်....'

'နင်မှငါ့ကိုပြန်မပြောတာ ငူငူကြီးထိုင်နေတာကို'

ထို့နောက်တစ်ဖန်ပြန်ငြိမ်ကျသွားသော ချစ်သူငယ်ချင်းလေးကြောင့် သူမဆက်နောက်ဖို့အင်အားတွေယုတ်လျော့သွားရသည်

'Jung gi ရား ဘာဖြစ်လို့လဲဟင် ငါ့ကိုပြောလေ'

'Byeol ငါ...ငါလေ တောင်းပန်ပါတယ်'

'ဘာလို့လဲ'

အစမရှိအဆုံးမရှိ ထတောင်းပန်လာသော jung gi ကြောင့် သူမ ချွေးများပင်ပြန်လာကာ စိတ်ပူလာရသည်

' ငါ....scolor ရပြီ အဲ့တာ နောက်အပတ်ဆို သွားရတော့မယ် '

ဟင်......ဘယ်လို ချက်ချင်းဆိုသလိုကြားလိုက်ရတာသည် သူမအတွက် အံ့သြစရာအပြည့်

သူမ သူငယ်ချင်းအတွက်သူမပျော်ပါသည် jung gi သည် scolor ရဖို့အတွက် အမြဲ ကြိုးစားနေသည်ကို သူမက
မျက်မြင်သက်သေပင်
ဒါမဲ့လဲ ချက်ချင်းသလို နောက်အပတ်သွားရမယ်ဆိုသည်ကား ဝမ်းနည်းသည် ဘာမှပြင်ဆင်မပေးလိုက်ရတော့ဘူးလား

'ငါ...ငါ တောင်းပန်ပါတယ်ဟယ် ငါ့ကို mail ပို့တာကြာပါပီဟယ် ငါနင့်ကိုမပြောရဲခဲ့လို့ပါ ငါနင့်ကိုခွဲမသွားရက်လို့ပါ'

ဟော်လ် တစ်လဆက် စကားဆိုလာသော jung gi ကို သူမ ကြည့်ရင်း ရီမိလိုက်သေးသည် ဒီကောင်မလေးသည် သူမစိတ်ဆိုးမှာအရမ်းကြောက်တာ

'Jung gi ရယ် နင်ဟာလေ ငါပျော်ပါတယ်ဟာ ငါရုတ်တရက်ဆိုတော့ ဝမ်းနည်းသွားလို့ပါ'

'ငါ့ကိုစိတ်ဆိုးမှာလားဟင်'

'ဆိုးစရာလား နင်အမြဲကြိုးစားခဲ့ရတာလေ အခုရပြီကို ငါပျော်ပေးရမှာပေါ့'

'ငါနင်နဲ့မခွဲနိုင်ဘူးဟယ်'

'ငါ့ကို အမြဲဖုန်းဆက်လေ vc ကြမယ်လေ ဟိုရောက်လို့ငါ့ကိုမေ့လဲ အသေသတ်ပစ်မှာ ဟွန့်'

Ombrophobia Where stories live. Discover now