Zawgyi.....
ချစ်ရသည့်အယ်လ်ဖာရဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်သွင်ပြင် တောင့်တင်းကျစ်လျစ်ကာအဆီပိုမရှိတဲ့ မို့မောက်နေတဲ့ ရင်အုပ်အကျယ်ကြီးရယ်
ဖုထစ်ကာအမြောင်းလိုက်ထင်းနေတဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားရယ်က မြင်နေကျပေမယ့်လဲ အခုချိန်မှာပိုပြီး ရင်ခုန်နေသယောင်
ကျွန်တော့်ခွင့်ပြုချက်မရှိပါပဲ ကိုကို့ ခန္ဓာကိုယ်ပေါ်ကပ်တွယ်နေတဲ့ ရေအစက်ကလေးတွေကအစ မနာလိုဖြစ်မိသည်
ခါးအောက်ပိုင်းတဘက်အဖြူလေးကိုသာပတ်ထားတဲ့ ကိုကို့ကိုကြည့်ရင်း ကျွန်တော်ရင်ထဲ၌ အသည်းခိုက်ခိုက်တုန်အောင် စိမ့်အေးလာသည်
စိုစွတ်နေတဲ့ဆံပင်တွေကို သွယ်လျနေတဲ့ လက်ချောင်းလေးတွေဖြင့် သပ်တင်လိုက်ပုံက ရူးသွပ်ဖွယ်ကောင်း၏
ကျွန်တော်ပိုင်တဲ့ ကျွန်တော့် အယ်လ်ဖာရဲ့ ရုပ်ရည်ရူပကာနဲ့ပြည့်စုံခြင်းက အပြစ်ရယ်ဆိုဖွယ်ရာမရှိ
"ဘေဘီ ကြည့်လို့ဝရင် ကိုယ့်ဆံပင်တွေကိုရေသုတ်ပေး"
"ဟင်! ဟုတ် ဟုတ် ကိုကို ဒီကိုလာထိုင်"
မွေ့ရာပေါ်ထိုင်နေတဲ့ ကျွန်တော့်ရဲ့ရှေ့သို့ ကိုကိုက ဝင်ထိုင်လာ၏ မတိမ်းမယိမ်းပေမယ့် ကျွန်တော့်ထက် အရပ်အနည်းငယ်ပိုရှည်တာမလို့ ကျွန်တော့်တင်ပါးအောက်သို့ ခြေထောက်နှစ်ဖက်ကိုခုထိုင်လိုက်၏
ကိုကို့ ကိုကျွန်တော့်ရဲ့ အပိုင်လိုပြုမူခွင့်ရတဲ့ ဒီအခိုက်အတန့်လေးကို သိပ်ကိုသဘောကျပါ၏
"ကိုကို ဆပ်ပြာအနံ့လေးတွေတအားမွှေးတယ်နော်"
"ဟုတ်လား မင်းသဘောကျရဲ့လား"
"ဟုတ် သဘောကျလွန်းလို့ ကျွန်တော် အိမ်ပြန်ရင်သုံးဖို့ ဝယ်မလို့စိတ်ကူးနေတာ"
"ဝယ်စရာမှလိုတာဘေဘီရဲ့"
"ဟင် ! ဘာလို့လဲ ကိုကိုရဲ့ ကျွန်တော်ကသဘောကျလို့ဟာကို"
"မင်းအိမ်ကဒီမှာလေ ဘယ်ကိုပြန်ဖို့ပြောနေတာလဲ"
ရွှတ်!!
YOU ARE READING
My Omega Is One In A Million
RomanceYou're my second mate , My Angel and only love in my whole life 🖤