Zawgyi.....
"ဟိုတစ်ယောက် ဘယ်မှာလဲ"
"ခုနကလေးတင် အပေါ်ထပ်ကိုပြေးတက်သွားပါတယ် သခင်လေး"
"နေ့လည်ကထမင်းစားလား"
"ဟုတ်ကဲ့ စားတယ်ဆိုရုံလောက်ပါပဲရှင် သခင်လေးနဲ့မှ အကိုလေးကထမင်းများများစားတာ"
"Snack boxထဲကို သူစားတတ်တဲ့မုန့်မှန်သမျှလျော့မသွားအောင်ဖြည့်ထား"
"ဟုတ်ကဲ့"
ခေါင်းငုံရင်းသာမေးသမျှဖြေနေတဲ့သူမက အိမ်အစေဆိုတာထက် အတူရှိလာတာနှစ်ချီနေပြီမလို့ မိသားစုလိုတောင်ရင်းနှီးနေပြီဖြစ်၏ တပည့်ဖြစ်သူ၏မိခင်လဲဖြစ်တော့ ဒီအိမ်မှာတော့ အချက်အပြုတ်နဲ့သန့်ရှင်းရေးတာဝန်ယူရမယ့်နေရာမှာ သူမကခေါင်းဆောင်တစ်ဦးဖြစ်ပြီး တခြားသောအိမ်အစေများစွာလဲရှိ၏
"ဒီနေ့ သူဘယ်နှခါပြုံးလဲ"
"အမ်း!! ဒီနေ့တော့ တီဗွီကလာတဲ့ကာတွန်းကားကိုကြည့်ပြီး တခစ်ခစ်ရယ်ပါတယ် ဒေါ်ကြီးသူစားဖို့ အသီးအနှံမျိုးစုံကိုလဲ ပြင်ပေးတော့လဲ စားပါတယ်"
သူမက ခပ်တွေးတွေးဖြစ်နေပြီးမှသတိရသွားဟန်ဖြင့်အလောတကြီးဆို၏ ဧည့်ခန်းရှေ့မှာ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ကိုထည့်ထားပြီး ကျော့မော့နေတဲ့ ကိုယ်နေဟန်ထားဖြင့် ရှိနေတဲ့ သူတို့၏သူဌေးပြောနေတဲ့ စကားတွေထဲကို မည်သူမျှဝင်မစွက်ဖက်ရဲပေ ကင်မ်ထယ်ယောင်းဆိုတာ သူမေးရင်ဖြေ မမေးပဲအသံထွက်လာရင်အသက်ရှုသံဆိုရင်တောင် မကြိုက်တတ်သူလေ
"သခင်လေးလာခါနီးမှ အပေါ်တက်သွားတာပါ"
ကျစ်!!
အလုပ်ကနေအိမ်ကိုရောက်ရောက်ခြင်းပဲ အမောဆို့ဖွယ်ရာတွေကဖြစ်လာရပြန်ပြီ တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် လက်ထပ်ပြီးတာပဲ တစ်လနီးပါးဖြစ်တော့မယ် အခုချိန်ထိ ကန့်လန့်တိုက်လို့ မဝသေးပေ ထမင်းစားဖို့ကိုလဲ ကလေးတွေလို ရိုက်မကျွေးရရုံတမယ်ပဲ အမြဲဆူပူကြိမ်းမောင်းပြီးကျွေးရသည်
အခန်းထဲကအခန်းပြင်မထွက်ပဲနေတာလားဆိုတော့လဲမဟုတ်ဘူး သူမရှိတဲ့အချိန်ဆို အိမ်ကလူတွေ တည့်လိုက်တာမှ ကျွန်တော့်ရှေ့ရောက်ရင် တစ်ခါမှမပြုံးဖူးတဲ့အပြုံးမျိုးတွေနဲ့ကို ပြုံးပျော်နေတာ သူ့ကိုပိုင်ဆိုင်တဲ့ ကျွန်တော် ပြန်လာခါနီးဆို လှစ်ခနဲနေအောင်ကိုပျောက်ပျောက်သွားတတ်တာ
YOU ARE READING
My Omega Is One In A Million
RomanceYou're my second mate , My Angel and only love in my whole life 🖤