Chapter 34

2.6K 232 34
                                    

Zawgyi....

ပျော်ရွှင်စရာနေ့တစ်နေ့...

သူစိမ်းနှစ်ယောက်ရဲ့ဘဝနှစ်ခုကို တစ်ခုတည်းဖြစ်တည်စေမယ့်နေ့

နှလုံးသားနှစ်ခုကို ထာဝရအတွက် တစ်သားတည်းရှိနေစေဖို့ ကတိကဝတ်ပြုရမယ့်နေ့

အများသူငါအရှေ့ ကိုယ့်အပိုင်ရယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ဖော်ပြသခွင့်ရတဲ့နေ့

အတိုင်းမသိပျော်ရွှင်ရတယ်ဆိုပေမယ့် အနည်းငယ်တော့ ကြောက်ရွံ့စိတ်ကလေးတွေဝင်မိသည် ပိုင်ဆိုင်ခဲ့ဖူးပါရဲ့ နေ့ရက်တွေကိုလဲ အတူဖြတ်ကျော်ခဲ့ဖူးပါသည် သို့သော် တရားဝင်ပိုင်ဆိုင်ရမယ်ဆိုတဲ့အသိနဲ့ ဒီနေ့လေးကိုဖြတ်သန်းဖို့ အရမ်းစိတ်လှုပ်ရှားနေမိသည်

"သိပ်ချစ်တာပဲလား"

ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ ရှေ့နောက်လျှောက်လှမ်းနေတဲ့ သူငယ်ချင်းဖြစ်သူကို နမ်ဂျွန်းမေးလိုက်၏

"အင်း ချစ်တယ် ငါ့ကိုယ်ငါထက်ပိုချစ်တယ်"

"ဟုတ်မှာပါလေ အဲ့တာကြောင့်မလို့ အခုလောက်ထိစိတ်လှုပ်ရှားနေတာပေါ့ ဟုတ်တယ်ဟုတ်"

"ဆိုပါတော့"

"အဆင်ပြေသွားမှာပါ ငါတို့အရင်သွားနှင့်ရမှာမလား မင်းအဆင်သင့်ဖြစ်ရင်သွားမယ်"

"သွားတာပေါ့ ငါပြောထားတာလုပ်နှင့်ပြီးပြီလား နမ်ဂျွန်း"

"အေး သူ့သူငယ်ချင်းလက်ထဲထည့်ထားပေးခဲ့တယ်"

"ဟုတ်ပြီ ဒါဆိုလဲသွားတာပေါ့"

အနက်ရောင် အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားပြီ ရွှေသားစစ်စစ်ဖြင့်ပြုလုပ်ထားတဲ့ ကြယ်သီးတွေဖြင့် ရွှေရောင်စလွယ်ကိုလဲ သိုင်းလွယ်ထား၏ တော်ဝင်မင်းသားတစ်ယောက်ရဲ့အသွင်အပြင်တွေနဲ့ ခန့်ညားကာ ချောမောနေသည်

ဆက်ခံသူ သမ္မတလောင်းလျာရဲ့ မင်္ဂလာပွဲဖြစ်တာကြောင့် နိုင်ငံအတွင်း ကောင်းချီပေးသံတွေဖြင့် ဆူညံပွက်လောရိုက်နေ၏ တော်ဝင်မိသားစုရဲ့ နန်းတော်တမျှကြီးမားတဲ့ ‌သမ္မတအိမ်ပြာတော်၌ မင်္ဂလာပွဲကိုပြုလုပ်ကြ၏

My Omega Is One In A MillionWhere stories live. Discover now