Part (14)

5.2K 363 15
                                    

Unicode

"ဒါနဲ့ သားတို့ ၂​ယောက် အ​ဆောင်မှာ သွားနေကြမှာဆို မ​နေဖြစ်​တော့ဘူးလား?"

ဒီ​နေ့​ရှောင်းကျန်တို့အိမ်မှာ ​ဟော့​ပေါ့လုပ်စားကြတာ​ကြောင့် မိသားစု ၂ခုလုံး ​ရှောင်းကျန်တို့အိမ်မှာ စု​နေကြတာဖြစ်တယ်။

"အင်း ဟုတ်သားပဲ အဲ့တာ​​မေ့​နေတာ"

​ရှောင်းမားမားက ​မေး​တော့ ​ရှောင်းပါးကပါ ဝင်​ပြောသည်။

"အဲ့တာ...."

"ရိ​ပေါ်က ပဲရစ်သွားမှာ ပါး"

"​ဟေ.."

"ဟယ် ဟုတ်လား"

ရိ​ပေါ်ရဲ့ ပါပါးနဲ့ မားမားက ရိ​ပေါ်မ​ပြောခိုင်း​သေးတာ​ကြောင့် ​ရှောင်းကျန်တို့ကိုမ​ပြောထား​ပေ။

အဲ့တာ​ကြောင့် သူတို့လည်း ဘာပြန်​ပြောရမလဲမသိ။ ​​ရှောင်း​လေးက ဘယ်လိုလုပ်သိသွားတာပါလိမ့်။

"ဟုတ်တယ် မား...​စော​စောမ​ပြောမိတာ ​တောင်းပနပါတယ် ကျွန်​တော် လည်း တကယ်သွားချင်လား
မသွားချင်ဘူးလားဆိုတာ ​​သေချာဆန်းစစ်ကြည့်ဖို့ ပါးနဲ့မားက မှာထားလို့ပါ"

"​အစက ​မေတို့လည်း ​ပြော​ပြမလို့ပဲ သားငယ်က ​ရှောင်း​လေးသိသွားရင် ဝမ်းနည်း​နေမှစိုးလို့ဆို​တော့ ​သေချာမှ​​ပြော​တော့မယ်ဆိုပီး လုပ်ထားတာ ​ရှောင်း​လေးက အရင်သိသွားတာပဲ မားတို့ကို စိတ်မဆိုးနဲ့​နော် ​ရှောင်​ရှောင်း"

"အာ...မားကလည်း မဆိုးပါဘူး​နော်"

​ရှောင်းကျန် ပြုံးရင်းပြန်​ဖြေမှ ဝမ်ပါး​ရောမား​ရော စိတ်သက်သာရာ ရသွားဟန်။

"​ဟယ် သားငယ်က ဘယ်လိုဖြစ်ပြီး Paris သွားမယ်ဖြစ်သွားတာလဲ ကြည့်ပါအုံး"

"Design ပိုင်းသင်ချင်လို့တဲ့ ​မေရယ် က​လေးဆန္ဒဆို​တော့ မလုပ်နဲ့လို့လဲ မတားချင်ပါဘူး"

"အင်း​လေ အဲ့တာ​တော့ ဟုတ်ပါတယ် ဒီက မားတို့က​တော့ လွမ်း​နေရ​တော့မှာပဲ"

​ရှောင်းမားက စိတ်မ​ကောင်းဟန်​ပြော​သည်။

"ဘယ်ချိန်သွားရမှာလည်း သားက"

ဝမ်ရိ​ပေါ်က ဘယ်သူ့အပိုင်လို့ မင်းတို့ထင်သလဲ?Where stories live. Discover now