Part (9)

5.7K 368 26
                                    

Unicode

"ကျွန်တော် Paris ကိုသွားချင်တယ် ပါး"

"ဟေ"

"ဟင်"

"ကျွန်တော် ပါးတို့ကို မပြောရသေးပေမယ့် ကျွန်တော် ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပြီး စိတ်ဝင်စားလို့ အဲ့မှာသွားသင်ချင်တယ် အဲ့တာ ပါးခွင့်ပြုပေးပါလားဟင်?"

"သား အဲ့အပိုင်းကို စိတ်ဝင်စားမှန်း ပါးတို့လည်း မသိခဲ့ပါလား"

ရိပေါ်က ထုံးစံအတိုင်း မျက်လုံးလေးနှစ်ဖက် ပိတ်နေအောင်ပြုံးရင်း..

"သားမှ မပြောခဲ့တာ ပြီးတော့ သားကိုယ်တိုင်တောင် သိတာသိပ်မကြာသေးဘူး"

"ဟေ သားဟာက ဘယ်လိုလဲကွ"

"သားရယ် သားတို့အရွယ်က စိတ်ဝင်စားတယ်ဆိုတာလဲ ခဏ စိတ်အပြောင်းအလဲမြန်တတ်တာကို အဲ့တာသင်မယ်ဆိုတာ သေချာရောသေချာလို့လား သားရယ်"

"မား ကလည်း သားသေချာစဉ်စားပြီးမှပြောတာပါ"

"သားပြောတာ သားကိုယ်သားလည်း သိတာသိပ်မကြာသေးဘူးမလား အဲ့တော့ သေချာလေးထပ်စဉ်းစားဆန်းစစ်ကြည့်ပါအုံး ပါးတို့ကတော့ သားသာတကယ်စိတ်အားထက်သန်နေရင် ခွင့်မပြုပဲမနေပါဘူး"

"တကယ်နော် ပါး!"

"သားဆန္ဒက အရေးအကြီးဆုံးပဲကို"

"ဟဲဟဲ ဟုတ်"

"ရှောင်းကျန်ရော သိပြီးပြီလား"

"ဟင့်အင်း! မားသူ့ကို သွားမပြောနဲ့နော်။ ပြီးတော့ အားရီတို့ကိုလည်း မပြောနဲ့အုံးနော် နော် မား။ တကယ်လို့ပြောရင်တောင် ရှောင်းကျန်လုံးဝသိလို့မဖြစ်ဘူးနော်"

"ဟုတ်ပါပြီ သားရယ် ဒါပေမယ့် ပြောတော့ပြောပြထားအုံးလေ"

"ဘာလို့ မပြောထားတာလဲ မသေချာသေးလို့လား"

"ပါးတို့နဲ့လည်း သေချာမဆုံးဖြတ်ရသေးလို့ပါ ပြီးတော့ သူကသား ပဲရစ်သွားမယ်ပြောရင် စိတ်ဆိုးမှာ"

"ဟဟ အဲ့တာတော့ ဟုတ်တယ်"

ဝမ်ပါးပါးက ရီပြီး သတင်းစာကို ဆက်ဖတ်နေသည်။ 

"သားရှောင်းလေး သနားလိုက်တာ သားငယ်ပြည်ပထွက်မယ်ဆိုတာသိရင် ဝမ်းနည်းနေတော့မှာ"

ဝမ်ရိ​ပေါ်က ဘယ်သူ့အပိုင်လို့ မင်းတို့ထင်သလဲ?حيث تعيش القصص. اكتشف الآن