Part (4)

7.9K 516 38
                                    

Unicode

"ရိ​ပေါ်ကို သင်္ချာ guide ငှား​ပေးမယ်?"

"ဟုတ်တယ် ​​မေယွီ​ရေ၊ ရိ​ပေါ်အခုတ​လော သင်္ချာအမှတ်​တွေ နည်း​နေလို့​လေ"

"​ကောင်းပါတယ် က​လေးအားနည်း​နေရင် ငှား​ပေးလိုက်"

"အဲ့တာ ​ရှောင်​ရှောင်း​ရော.."

"အမ​လေး မတက်ပဲ​နေပါ့မလား ရိ​ပေါ်သာတက်ရင်"

"ဟုတ်ပါတယ် ဟုတ်ပါတယ်"

မီးဖိုခန်းထဲမှာ ထိုင်ရင်း​ပြော​နေကြတဲ့ စကားသံတစ်ချို့ကို ရိ​ပေါ်နား​ထောင်ရင်း သက်ပြင်းချမိသည်။

သူကပန်းချီဆွဲချင်တာ။ ဒီဝါသနာကို အ​ဖေ​ရော အ​မေ​ရော အခုထိမသိ​သေး။ ​ပြောလည်း မ​ပြောပြရ​သေး။

ပိုဆိုးတာ ပန်းချီနဲ့ပတ်သတ်ပြီး စိတ်ဝင်စားတာကို သူ့မိဘ​တွေကနည်းနည်း​လေး​တောင် မရိပ်မိတာပဲ။

​ပြောရင် လက်ခံပါ့မလားဆိုတဲ့ စိတ်ကလည်း ရိ​ပေါ်​ခေါင်းထဲမှာ တဝဲလည်လည်ဖြစ်​နေတယ်။

.
.
.
.
.
.

​အိပ်​နေရင်း ပါး​တွေကို ပွတ်သပ်​နေတဲ့ ခံစားချက်​ကြောင့် ​လေးလံ​နေတဲ့ မျက်ခွံ​တွေက မပွင့်ချင်ပွင့်ချင်နဲ့ ပွင့်လာတယ်။

"​ရှောင်းကျန်?"

"ဘာစားပြီးပြီလဲ"

ဘတ်စကတ်​ဘော​ဆော့ပြီး တန်း​ရောက်လာပုံရတဲ့ ​ရှောင်းကျန်က အားကစာစဝတ်စုံ​တောင် မလဲရ​သေးဘူး။ ​​ဆွတ်​နေကျ ​ရေ​မွှေနံ့​ရောတဲ့ချွေးနံ့တစ်ချို့ကလည်း ရိ​ပေါ်ကို ပြန်ပြီးအိပ်ချင်လာ​စေတယ်။

​"ဘာလို့အဲ့​လောက်​တောင်အိပ်ချင်နေရတာလဲ"

"​နေ့လည်က ဟင်းချိုမှ ပါတဲ့ ငံပြာရည်က.."

"ဟမ်?"

"...."

အိစက်​နေတဲ့ ပါးပြင်ကို လက်၂ဖက်နဲ့ အလျှင်အမြန်အုပ်ကိုင်လာရင်း...

"ဝမ်ရိ​ပေါ်။ ထ​တော့။ ဝမ်ရိ​ပေါ်!"

"မဟုတ် ရတယ်..​ရှောင်း ခဏအိပ်လိုက်ရင် သက်သာသွားမှာ"

"Tsk! ​ပြောရဆိုရခက်​အောင် လုပ်မ​နေနဲ့!"

"​ဆေးခန်းမသွားချင်ဘူး ​ရှောင်း...."

ဝမ်ရိ​ပေါ်က ဘယ်သူ့အပိုင်လို့ မင်းတို့ထင်သလဲ?Donde viven las historias. Descúbrelo ahora