Zawgyi
သူမပြောလိုက်တာနဲ့ လှုပ်တုတ်လှုပ်တုတ်နဲ့
သွားလုပ်ရှာတဲ့ သူ့ကြည့်ပြီး ရင်ထဲကကလိကလိနဲ့
ဘာဖြစ်နေမှန်းမသိ"အဟမ်း..."
အရှက်ပြေ ချောင်းတစ်ချက်ဟန့်လိုက်ပြီး
လိုအပ်တာတွေယူပြီး အိမ်ထပ်ဆောက်ဖို့ပြင်လိုက်တယ်နဂိုတည်းက လူတွေမရှိတော့တာကြောင့်
လူခြေတိတ်ပြီး အပ်ကျသံတောင်ကြားရနိုင်တဲ့
အခြေအနေမို့ သူမရဲ့တူရိုက်သံ! စက်သံတွေ!ကြောင့်တစ်ဖက်ကမ်းမှာ ဇွန်ဘီတွေတဂူးဂူးတဂါးဂါးနဲ့
သူမတို့ဆီလာချင်လွန်းလို့ လည်ပင်းရိုးကျိုးမတတ်
အော်ဟစ်ဆူညံနေကြတယ်။နှစ်တွေအကြာကြီးနေမှ သူတို့ရဲ့ လူသွေးဆာချိန်ကို
ပြန်မြင်ရတာမို့ ကြက်သီးတဖြန်းဖြန်းနဲ့ နည်း"တော့
ကြောက်ပင်မယ့်လည်း ရှိသမျှအားအကုန်ညစ်ထုတ်ပြီး
အလုပ်ကိုဆက်လုပ်နေရတယ်။ပြီးရင် ရေထဲဆင်းနေရတဲ့အပြင်ကို ရာသီဥတုကလည်း
ဆောင်းဝင်ခါစမို့ လူကမခဲရုံတမယ် တဆတ်ဆတ်တုန်ပြီး လက်တွေမခိုင်ချင်တော့။အခန်းရဲ့ကြမ်းပြင်ဆောက်လို့ပြီးတော့
နေကတရွေ့ရွေ့ထွက်လာပြန်ရော။"ဟာကွာ တညလုံးမအိပ်ပဲလုပ်တာတောင်
ဒီ15ပေကြမ်းပြင်နဲ့ ဘေးနံရံတချပ်ပဲရတာလား
စိတ်ပိန်တယ်ကွာ"အဲ့အချိန်
အိမ်ထဲကနေ ပန်းကန်သံတွေကြားလာရတယ်"ဘာလား...ဟိုတယောက်ဘာတွေလုပ်နေတာလဲမသိဘူး"
အိမ်ထဲဝင်ကြည့်မယ်ဆိုပြီး
အိမ်ရှေ့တံခါးဖွင့်မလို့ရှိသေး
တံခါးဖွင့်ပြီးထွက်လာတဲ့သူကြောင့်"အမေ့ ချီးပဲ"
"ဂါးဂါး! "
"အမလေးလန့်တာ ဘာတွေပြောနေပြန်တာတုန်း"
"ဂါးဂါး!! ဂါးဂါး!!"
"ဟမ်!"
ဇွန်ဘီလေးက ဆက်တိုက် အိမ်ထဲကိုပဲညွှန်ပြနေပြီး
ခုန်ဆွခုန်ဆွနဲ့ လက်ညိုးတထိုးထိုး ပြောနေတယ်
မျက်လုံးတွေကလည်း ဂနာမငြိမ်ဘူး
YOU ARE READING
ကျွန်မယောက်ျားက ဇွန်ဘီ🙈 ကျွန်မယောကျ်ားက ဇွန်ဘီ🙈
Romance1day အား ဇွန်ဘီကြီးကယ်ကြပါဦး 1week ဟဲ့ ဇွန်ဘီအစုတ်ပလုတ်။ရေချိုးရအောင် 1month ဘီဘီ နင်ထမင်းစားရအောင် မလာဘူးလား 1year ယောက်ျား နင်ငါ့ကိုမကြိုက်ဖူးလား?ငါကတော့နင့်ကိုကြိုက်တယ် 1day အား ဇွန်ဘီကြီးကယ်ကြပါဦး 1week ဟဲ့ ဇွန်ဘီအစုတ်ပလုတ်။ရေချိုးရအောင် 1month...