9#

143 4 0
                                    

"အမလေး ရေက သောက်ရမ်းပူတယ်ဟ ရပါတယ်လေ နေကျစ်ကျစ်တောက်ပူနေတာတောင် ဇွန်ဘီတွေနေနိုင်သေးတာပဲ ငါလည်း ဒီလောက်ကတော့အေးဆေးပါ ဟဲဟဲ"

၁၀မိနစ်ခန့် ကူးခတ်ပြီးသည့်နောက်တွင် အိမ်တံခါးဆီသို့ ရောက်ရှိလာခဲ့သည်။

"ဟူး တံတားရီမုတ်ပျောက်သွားပေမယ့် အိမ်တံခါးလေးတော့ ကျန်သေးလို့ တော်ပါသေးရဲ့"

တံခါးဖွင့်ပွီး အိမ်ထဲဝင်လိုက်သည်နှင့် မီးဖိုချောင်အဝတွင် သနားကမားထိုင်နေကြသော သစ္စာဖောက်လေးများအားတွေ့ရှိ:/
သူမကိုမြင်တာနဲ့ ပျော်ရွှင်စွာ ပြေးလာကြလေသည်။
ထိုသို့ပြေးလာကြသည့် အကြောင်းအရင်းကတော့ ဗိုက်ဗိုက်ဆာလို့သာ ဖြစ်ပေလိမ့်မည်။

*မြောင်*
*ဂါး*

"ကဲ ဆိုစမ်းပါဦး ကျွန်မကို ပလစ်ကြပြီး ဗိုက်ဆာမှ သနားအောင်လာလုပ်နေတယ် ဟွန်းးးး ကျူးရှောင်ယူနော် အကုန်ဗိုက်ကားအောင် ကျွေးပလိုက်မယ်"

သူမအပြောကို သဘောကျရှာသည်ထင်ပါတယ် ဇွန်ဘီအချောလေးမှာ မရယ်တတ်ရယ်တတ် ရယ်ရှာသည်။

"ခဏတော့စောင့်ပေးကြနော် ဒီပလစ်ခံအမကြီး အလုပ်ကြီးအကိုင်ကြီးလုပ်စရာရှိလို့"

အလုပ်ကြီးအကိုင်ကြီးကတော့ တံတားရီမုတ်ပျောက်ဆုံးခြင်းရှာပုံတော်သာ....
ကွန်ပျူတာရှေ့ထိုင်ရင်း ရီမုတ်ဧ။်လက်ရှိတည်နေရာကို ရှာဖွေလိုက်သည်။ အလုပ်လုပ်ရင် စေ့စပ်မှ အောင်မြင်နိုင်မယ်ဆိုတဲ့အတိုင်း ရီမုတ်ကို စထွင်ကတည်းက GPSပါ အဆစ်ထည့်ထားခဲ့တာမို့ပင်။(⁠◔⁠‿⁠◔⁠)
အမှန်က မေ့တတ်လို့ပါXD

အနည်းငယ်ရှာပြီးတဲ့နောက်မှာ တွေ့ပါပြီ 99လမ်းကြားအစတင်။
ဟိုသောက်ရူးနှစ်ကောင်ကလည်း ကိုင်ထားတယ်

"Connection ပိတ်ချမှဖြစ်မယ်  မြို့တော်က လူတွေပဲ ဒါကဘာဆိုတာ ချက်ချင်းသိမှာ။ အဲ့တော့ ငါ့အိမ်ကိုရှာတွေ့လို့ တံတားနဲ့လာမယ်ဆိုရင်တောင် ငါထွင်ထားတဲ့ရီမုတ်နဲ့တော့လာခွင့်မပေးနိုင်ဘူး "

ပြောလည်းပြော လက်ချောင်းသွယ်သွယ်လေးများကလည်း keyboard ပေါ် အသွင်သွင်လှုပ်ရှားလျက်ပင်။
မကြာ ရီမုတ်နှင့် connection ကိုလည်း ဖျက်ချနိုင်ကာ
Dataမှန်သမျှကိုပါ မြို့တော်က လူတွေ မရှာနိုင်အောင်
ပိတ်ချနိုင်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 28 ⏰

Add this story to your Library to get notified about new parts!

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now