8#

218 14 3
                                    

Zawgyi

အနောက်ကနှစ်ယောက်က
အူလှိုက်သဲလှိုက်ပြေးလိုက်လာတာကြောင့်

သူမလည်း ခွေးပြေးဝက်ပြေး ဘောင်းဘီမကျွတ်ကျရုံတမယ်
အသားကုန်ပြေးနေရပြန်တယ်

'ဇွန်ဘီလိုက်တာတောင် သူတို့လောက် မပြေးရ မလန့်ရဘူး'

"ရပ်လိုက် မြို့တော်ကလွှတ်လိုက်တဲ့အထူးတပ်ဖွဲ့ဝင်တွေပါ
မိန်းကလေး"

'အေး ငါကလည်း နင်တို့ကအဲ့ကမှန်းသိလို့  ပြေးနေတာ
ငတုံးရဲ့'

"ဟာ ရှယ်‌မြန်လိုက်တာကွာ မိန်းကလေးရော ဟုတ် ဟုတ်ရဲ့လားပဲ"

"မသိပါဘူးကွာ ငါတော့ မလိုက်နိုင်တော့ဘူး ဆက်လိုက်ရင် အမောဖောက်သေရုံပဲရှိတော့တယ်"

"ဟာ ဟျောင့် အဲ့လိုမလုပ်နဲ့လေ"

ပြောကာဆိုကာရှိသေး သူက အရှိန်လျှော့ချလိုက်တော့ ကိုယ်က ဆက်လိုက်လို့မရတော့ဘူး သူ့ကိုထားခဲ့ပြီးလိုက်ပြန်ရင်လည်း လူကွဲပြီး ပိုအကျပ်ရိုက်လိမ့်မယ် မဖြစ်တဲ့အဆုံး ထိုမိန်းကလေးကို လွှတ်ပေးလိုက်ရတယ်

"ဟျောင့် သူက တမြို့လုံးမှာ ပထမဆုံးတွေ့ရတဲ့ လူနော် သူ့ကို ရှာတွေ့ရက်သားနဲ့ ဌာနချုပ်ကို ခေါ်မသွားနိုင်ရင် ငါတို့ ##$&#+)!::"

"ခနလောက်ရပ်ပါဦးဟ မိန်းမကြီးကျနေတာပဲ မင်းပြောနေပုံကလည်း ပွစိပွစိနဲ့"

"ငါ အဲ့လိုမှမပြောရင် ဘယ်လိုပြောရမှာလဲဟ
မင်းဟာက ကြည့်ဦး အခုဘယ်လိုလုပ်တော့မလဲ
ငါတော့ ဌာနချုပ်ကိုပြန်ဖို့နေနေသာသာ မြို့တော်ကိုတောင်မပြန်ရဲတော့ဘူး တကယ်ပါပဲ"

"မင်းကလည်း အဲ့လောက်ထိ အကဲမပိုစမ်းပါနဲ့ မြို့လေးကဖြင့် ဖင်တလှည့်စာရှိတာ ရှာလည်း ဘယ်လောက်ရှာရမှာမို့လဲ"

"ဖင်တလှည့်စာ? ဟျောင့်ရေ ဖင်တလှည့်စာမြို့မို့သာ တော်တော့တယ်နော် ဗဟိုလမ်းပေါင်းက ရာချီ ဖြတ်လမ်းက ဘယ်လောက်ရှိမှန်းတောင် သေချာမရေနိုင်သေးဘူး အဲ့မိန်းကလေးကဖြင့် သေးသေးကွေးကွေး ပြေးတာကလည်း မာရသွန်ပြေးနေသလားအောက်မေ့ရတဲ့အရှိန်နဲ့
အေးပါကွာ အေးပါ"

ကျွန်မယောက်ျားက ဇွန်ဘီ🙈         ကျွန်မယောကျ်ားက ဇွန်ဘီ🙈Where stories live. Discover now