~ ၃ ~

177 15 6
                                    

[ Unicode ]
-----------------

" မေမေ့မှာအမြွှာနောက်တစ်ယောက်ရှိသေးတာလား "

တည်တံ့စေလက်ထဲမှာကိုင်ပြထားတဲ့အဖြူအမည်းဓာတ်ပုံကိုကြည့်ရင်း ထိတ်လန့်အံ့သြခြင်းတွေကြီးစိုးသွားသောအမေကြီးရဲ့မျက်နှာဟာတုန်လှုပ်မှုများဖြင့် ။

ကျွန်တော်မေးနေတာကိုချက်ချင်းပြန်မဖြေနိုင်ပဲအတန်ကြာတဲ့အထိစိုက်ကြည့်နေပုံမှာမလှုပ်မယှတ် ။ တည်တံ့ရဲ့ရင်ထဲမှာလည်းစိတ်လှုပ်ရှားလာ၍ နောက်တစ်ကြိမ်ထပ်မေးလိုက်မိသောအသံက သိချင်ဇောနဲ့အလောတကြီးဆန်စွာအခန်းတစ်ခုလုံးသို့ပျံ့နှံ့သွားပါသည် ။

" မေမေ့ဆီမှာအမြွှာရှိတာလား အမေကြီး … ဘာလို့  ဘာလို့ဒါကိုကျွန်တော်မသိရတာလဲ … မေမေနဲ့ချွတ်စွပ်တူတဲ့အမြွှာကောင်လေးက အခုဘယ်မှာလဲဟင် "

" အဲ့ပုံကိုမြေးဘယ်ကနေတွေ့သွားတာလဲ "

" ဒီစာအုပ်ထဲမှာညှပ်ထားလို့မြင်လိုက်တာ … ကျွန်တော်မေးတာကိုဖြေပေးအုံးလေ … မေမေငယ်ငယ်တုန်းကရုပ်ကိုကျွန်တော်သိတယ် … မေမေ့ဘေးမှာရပ်နေတဲ့နောက်တစ်ယောက်က မေမေနဲ့အမြွှာတွေမလား … ဒါဆိုသူကကျွန်တော့်ရဲ့ဦးလေးပေါ့ "

ဖြည်းညှင်းစွာခေါင်းညိတ်ပြခဲ့သောအမေကြီးရဲ့မျက်နှာထက်၌ နာကျင်မူများကအတိုင်းသား ။ ချက်ချင်းဆိုသလိုမျက်လုံးတွေစိုလဲ့ပြီး နူတ်ခမ်းသားတွေတုန်ယင်စွာဖြင့်တစ်ခွန်းချင်းစီထုတ်ပြောလာသောစကားသံဟာ တည်တံ့ကိုပါအလိုလိုဝမ်းနည်းစေတော့သည် ။

" ဟုတ်တယ် မြေး … အဲ့ဒါမြေးရဲ့မေမေ မြတ်လေးရဲ့အမြွှာအစ်ကိုဖြစ်တဲ့ မေကြီးရဲ့သားပါကွယ် "

" ဒီအကြောင်းတွေကျွန်တော့်ကိုဘာလို့ဖုံးကွယ်ထားရတာလဲ အမေကြီး … လေးလေးကကောအခုဘယ်မှာလဲ … ငယ်ငယ်လေးကတည်းကတိမ်းပါးသွားခဲ့လို့လား "

" မဟုတ်ဘူး … မြေးထင်နေသလိုမဟုတ်ပါဘူး "

" မေမေကကျွန်တော့်ကိုသူ့မှာအမြွှာအစ်ကိုတစ်ယောက်ရှိသေးတဲ့အကြောင်း တစ်ခါမှထုတ်မပြောပြဖူးဘူး … ဒီကိစ္စကိုဘာလို့တမင်လျှို့ဝှက်ထားရတာလဲ … ကျွန်တော်လည်းမိသားစုဝင်တစ်ယောက်ပဲလေ … သိထားသင့်တာပေါ့ … အခုတော့အမေကြီးတို့ဖုံးကွယ်ထားပုံက မသိရင်လေးလေးကိုသေလူတစ်ယောက်အတိုင်းပဲ "

ဝေး ( ongoing ) ေဝးWhere stories live. Discover now