1

345 15 6
                                        

Uni#

လောကကြီးထဲမှာ သက်ရှိများစွာ နေထိုင်နေကြသည်
ထိုအထဲမှ နဂါး ၊ မြေခွေး ၊ဝံပုလွေ၊ ‌မြွေမျိုးနွယ်တို့ နေထိုင်နေသည်

အဲ့ဒီထဲကမှ အင်အားအကြီးဆုံးက နဂါးမျိုးနွယ်နဲ့ ဝံပုလွေမျိုးနွယ် ဖြစ်ပြီး မြွေမျိုးနွယ်က လူတွေသည် ဒုစရိုက်ကျူးလွန်မှု အများ‌ဆုံး လုပ်ကြတဲ့ သူများ ဖြစ်သည်

လက်ရှိ မြေခွေးမျိုးနွယ် အကြီးအကဲအိပ်ဆောင်၌

"ပါးပါးရေ ပါးပါး "

"ဟော ဒီကောင်လေးကတော့ ရောက်လာပြန်ပီ ဘာမွှေအုန်းမလဲ မသိဘူး ဟူးးးးး"

ဟုတ်ပါသည် လာထဲက အဖေကို တပီး လာတဲ့ သူလေးကတော့ မြွေခွေးမျိုးနွယ်ရဲ့ ချစ်သည်းလေး ရှောင်ရှောင်းကျန့်ပါပဲ သူ့အဖေ(ရှောင်ဝေ့လုံ)ဆီ ကြာကန်သွားချင်လို့ လာချွဲတာပါ

" ပါးပါးရေ~~~
သားလေ.... ကြာကန်ဆီ သွားချင်လို့.... ဒါလေး ခွင့်ပြပါလို့~~~~"

"ဟင်းးး မရဘူး ဟိုတခါတုန်းက ကြာကန်ထဲ ပြုတ်ကျမလို ဖြစ်တာ ဘယ်သူလဲ ငါသာ မလာရင် မင်း သေနေလောက်ပီနော် "

"ပါးပါးကလဲ အဲ့ဒီတခေါက်က လွန်ခဲ့တဲ့ တနှစ်ထဲကလေ အဟွန့် ပါးပါးနော်လို့ သား မသွားရတာ ကြာနေပီလေ ဒါ့ကြောင့် သွားခွင့် ပြုပါ နော် နော်"

'ပါးပါးတော့ ငါ့ရဲ့ အချွဲတွေကို ခံစားနိုင်မှာ မဟုတ်ဘူး ဟီးဟီး '

ရှောင်ဝေ့လုံခမျာ သူ့သားရှောင်ကျန့်ရဲ့ အရည်ရွှမ်းနေတဲ့ မျက်လုံးတွေကို မခံစားနိုင်တာကြောင့် .....

" အေးအေး သွားလိုက်တော့ ငါ့ကို အဲ့လိုမျက်လုံးတွေနဲ့ လာမချွဲနဲ့ "

"ဟွန့် သားမှာ ပါးပါးကို အားနည်းစေတာဆိုလို့ အဲ့မျက်လုံးလေးတွေပဲ ရှိတာကို "

"သွားမယ့်အရေးကို မသွားပဲနဲ့ လေပေါနေသေးတယ် မသွားခိုင်းလိုက်ရမလား "

"ပါးပါးကလဲ စတာကို စိတ်ကြီးပဲ သွားပီ အာဘွား"

"ဒီကောင်လေးနဲ့တော့"

ရှောင်ဝေ့လုံက သူ့သားကို တကယ် စိတ်မချပါ ဘာဖစ်လို့လဲဆိုတော့ ရှောင်ကျန့်သွားမယ့် ကြာကန်က နဂါးနယ်မြေနဲ့ မြေခွေးနယ်‌မြေကြားမှာ ရှိနေလို့ပါပဲ ကြာကန်ကလဲ အလွန် အင်မတန်မှ လှပပီးတော့ ကြာပန်းတွေကလဲ မပွင့်‌တဲ့နေ့ဆိုတာ မရှိပါဘူး ယုန်လေးတွေလဲ အများကြီးရှိပီး ကျန့်လေးက ယုန်တွေကို အင်မတန် ချစ်တာမို့လို့ ခဏခဏ သွားလေ့ရှိတယ် ဒါ့ပေမယ့် သူ့အဖေဖြစ်သူကတော့ တပတ်မှ ၂ ခါပဲ သွားခွင့်ပေးတယ်

Don't Go Away Again! ( Edit )Where stories live. Discover now