Unicode
"မင်းလေး လူပုံ ပြောင်းလို့ရတာ ကိုယ်သိတယ်နော် ""အဟွန်း သိရင် ပြီးတာပဲ "
ပြောရင်းနဲ့ပင် လူပုံကို ပြောင်းလိုက်ပါတော့တယ်သို့သော် ရှောင်းကျန့်ရဲ့ အမြီးကတော့ ဒီတိုင်းလေး ကျန်ခဲ့သည်
'အဟက် မြေခွေးပေါက်စလေးက ကိုက်စားချင်စရာလေး'
"အဟွန်း ခင်များက ဘယ်လိုလုပ် ကျွန်တော့်ကြာကန်မှာ လာနေရတာတုန်း "
"ဒီကြာကန်ကို မင်း ပိုင်လို့လား မင်းလေး တကယ်ပိုင်တာဆို ကိုယ်ထွက်သွားပေးမယ် "
"ကျွန်တော်မှ မပိုင်တာ လာပေါ့ လာချင်သလောက် လာ ဟွန့် "
"ဒီကို ကိုယ်လာ လာနေတာ တပတ်ရှိနေပြီ မင်းလေးကို အခုမှ တွေ့တာ"
"အဲ့ဒါ ခမည်းတော်က ဒီကို လာခွင့်ပိတ်လိုက်လို့လေ "
"အော်~ ဒါနဲ့ မင်းလေးက ဘယ်သူတုန်း"
"ကျွန်တော်က ရှောင်းရှောင်ကျန့် မြေခွေးမျိုးနွယ်ရဲ့ ဆက်ခံသူ "
"အော် မြေခွေးမျိုးနွယ်က အမွှေစိန်ဆိုတဲ့ တယောက်ပဲ"
"ဘာ! အမွှေစိန်! ဘယ်မှာ မွှေလို့လဲ ! ဟွန့် "
"အင်းးးး ပြောရမယ်ဆိုရင် မြေခွေးခေါင်းဆောင်ရဲ့ အကြိုက်ဆုံး ပန်းအိုးကို သေးအိုးလုပ်ပစ်တာတို့ ပြီး..... "
"ခများ တော်လိုက်တော့ အားးးးးးးး အကုန်ပေါ်ကုန်ပြီ "
ရှောင်းကျန့် သူ့ရဲ့ မွှေချက်တွေကို လူချောလေးရှေ့မှာ မပြောဘဲ နေပေမယ့် လူချောက်ိုကိုက အတင်းဖော်နေသလိုပဲ
"ဒါနဲ့ ခများက ဘယ်သူလဲ "
"ကိုယ့်နံမည်က ၀မ်ရိပေါ် နဂါးမျိုးနွယ်က ဒုတိယသခင်လေး"
"အော် ရေခဲကိုယ်တော်ဆိုတဲ့ တယောက် တကယ်ကျ ရေခဲ မနေပါဘူး "
"မင်းမှာ မိတ်ဆွေ မရှိဘူးဆိုရင် မိတ်ဆွေလုပ်ကြမလား"
YOU ARE READING
Don't Go Away Again! ( Edit )
Historical Fiction၀မ်ရိပေါ် - နဂါးမျိုးနွယ်မှ ဒုတိယသခင်လေး ရှောင်းကျန့်- မြေခွေးမျိုးနွယ်မှ ဆက်ခံသူ မင်းသားလေး yizhan ! This's my first time writing , so I was wrong something at writing ,pls forgive me . Thanks All . love ya #zaung