Part 2

247 23 2
                                    

Unicode

တံခါးပေါက်ရဲ့ တစ်ဖက်ခြမ်းကို ရောက်တော့ လုံးဝ ကမ္ဘာကြီးတစ်ခုဆီ ပြောင်းလဲသွားသလိုပင် ခန့်ညားထယ်ဝါလှသည်။

ပြိုင်ပွဲဝင် ၁၂ ယောက်အတွက် ပြင်ဆင်ထားတဲ့ လေ့ကျင့်ခန်းတွေ အိပ်ယာတွေ အဝတ်အစား အသုံးအဆောင်တွေ ထိုင်ခုံတွေ ခွက်တွေကအစ သန့်စင်သပ်ရပ်နေသည်။

ဒါပေမယ့် ဝင်ခွင့်ရလာတဲ့ ၁၆ ယောက်မှာ ၄ ယောက်က ထုတ်ပယ်ခံရမှာဖြစ်ပြီး ထုတ်ပယ်မယ့်သူတွေကိုလည်း ကိုယ်တိုင်ရွေးချယ်ရမှာ ဖြစ်သည်။

ထို့ကြောင့် ပြိုင်ပွဲဝင်တွေ နားနေခန်းထဲမှာ နားနေရင်း အချင်းချင်း ခင်မင်ရင်းနှီးပြီး ထုတ်ပယ်ခံရတဲ့အထဲ မပါအောင် စကားဖောင်ဖွဲ့နေကြသည်။

ပေးထားတဲ့ နှစ်နာရီအတွင်းမှာ ဘယ်လိုနည်းဗျူဟာတွေနဲ့ ထုတ်ပယ်ကြမလဲ။

တကယ်ရွေးချယ်ဖို့ ပင်ပန်းတယ်။

ကောင်းမွန်တဲ့ စိတ်နေစိတ်ထား ရှိသူ

ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းသူ

" မင်းရဲ့ သတ်မှတ်ချက်တွေနဲ့ ဘယ်သူက ကိုက်ညီလဲ "

Interviewer က ကျွန်တော့်ကို မေးတော့ ကျွန်တော် ချက်ချင်းပင် အဖြေပေးလိုက်သည်။

" ကျွန်တော့် အတွက်ကတော့ ဟီးဆွန်းဟျောင်း
ဟီးဆွန်းဟျောင်းက ကျွန်တော့်သတ်မှတ်ချက်တွေနဲ့ အပြည့်စုံဆုံးပဲ "

ကျွန်တော် ဟီးဆွန်းဟျောင်းနဲ့ တစ်သင်းတည်း ကျချင်တယ်...

ဒါကိုတော့ ကျွန်တော် ထုတ်မပြောမိဘူး။
ဟီးဆွန်းဟျောင်းကို ဝိုင်းပြီး နှုတ်ဆက်စကားပြောနေတာတွေ ဟျောင်းနဲ့ တစ်သင်းတည်း ဖြစ်ချင်တယ်တွေ ပြောတာတွေ မြင်တော့ ကျွန်တော် နည်းနည်းတော့ သဝန်တိုမိတယ်။ ပြီးတော့ ဟျောင်းမှာ ‌ကျွန်တော့်အတွက် နေရာမရှိတော့သလို ခံစားလာရတယ်။

စိတ်ညစ်ညစ်နဲ့ ရေခဲသေတ္တာကို ဖွင့်ပြီး သောက်စရာရှာတော့ ဟျောင်းက ကျွန်တော့်နောက်ကို ရောက်လာပြီး ကျွန်တော့်ကို စကားပြောတယ်။

" အာ ကော်ဖီရှိတာလား "

အကွာအဝေးက အရမ်းနီးကပ်လွန်းတာမို့
ဟျောင်းဆီက ထွက်သက်လေနွေးနွေးက ကျွန်တော့်နားနောက်ကို ရိုက်ခတ်သွားတယ်။

My bf is an ACE Where stories live. Discover now