1. (Uni)

3.9K 214 10
                                    

Vegas ဟာ စိတ်မလုံခြုံမှုတွေနဲ့ ပြည့်နှက်နေတဲ့ လူတစ်ယောက်။

သူ့နယ်ပယ်မှာ  Vegasဟာ တော်တယ် တတ်တယ် အရည်အချင်းပြည့်မှီတယ်လို့ သတ်မှတ်ခံရဖို့ သူ့တစ်သက်လုံး ကြိုးစားလာရတဲ့သူ။

သူ့စိတ်မလုံခြုံမှုဟာ သူ့ရဲ့ အနိမ့်ပါးဆုံးအချိန်တွေမှာ အဆိုးဆုံးပဲ။ ဒေါသတွေ နာကြင်မှုတွေကို တစ်ခြားလူတစ်ယောက်အပေါ်ပုံချလိုက်တတ်တဲ့အကျင့်ဆိုးရှိတယ်။

ဒါဟာ သူဘာလို့ Pete အပေါ်အကြမ်းဖက်ခဲ့ရလဲဆိုတဲ့အဖြေပဲ။ သူတကယ်မှားတယ်။ အဲ့လိုလုပ်လို့မရဘူး။ ကိုယ့်ချစ်သူက ကိုယ့်ကိုကြောက်ရွံ့သွားအောင်လုပ်လို့မရဘူးလေ။

Vegas လိုပဲ သူလဲ အဲ့ဒီလိုဖြစ်လို့မရဘူး။

Build က သူ့ ခေါင်းထဲက အတွေးတွေကိုသာ သိရင်ဘယ်လောက် ကြောက်ရွံ့သွားမလဲ။ Build က သူ့ကို ကြောက်ပြီးထွက်ပြေးသွားလို့မဖြစ်ဘူးလေ။

******************************
"What happens in Vegas, stays in Vegas"

အဲ့ဒီစကားက နောက်တခါ Vegas နဲ့ ပြန်မဆုံရခင်အထိနှုတ်ဆက်စကားဖြစ်စေချင်ခဲ့တယ်။ Vegas ကို တနေရာရာမှာ ငြိမ်သက်စွာနားနေစေချင်တယ်။ သူလိုအပ်လာမယ့်တချိန်မဟုတ်မချင်း ပြန်ပေါ်မလာစေချင်ဘူး။ Vegas အနေနဲ့ ဖြစ်ခဲ့တဲ့ ခံစားချက်အားလုံးကို Vegas ‌စီမှာပဲ ကျန်ရစ်ခဲ့စေချင်တယ်။ ဒါပေမဲ့ ဒီခွေးမသား Vegas က သူ့ခေါင်းထဲမှာ လျှောက်သွားနေပြီး အတွေးတွေ အားလုံးကို ချုပ်ကိုင်ထားတယ်။ ဟုတ်တယ် Vegas က လူတွေကိုလှည့်စားချုပ်ကိုင်တတ်တဲ့သူဆိုတာ သူမေ့သွားတယ်။

"မိုက်တယ်နော်။ အားလုံးက နင့်ကို Vegas ဖြစ်ဖို့အတွက်မွေးဖွားလာတာတဲ့ ပြောနေကြပြီ"

စကားသံကြောင့် သူ့ဘေးကိုလှည့်ကြည့်လိုက်တော့ တဖက်မိန်းက‌ေလးက သူ့ကိုမကြည့်ပဲ TV မျက်နှာပြင်ကိုပဲ ပြုံးပြီးကြည့်နေတယ်။ ဒီအပြုံးက ထိန်းချုပ်မှုတွေမရှိပဲ ထွက်ပေါ်လာတဲ့ အပြုံးမျိုး။ နှစ်သက်ခြင်းတွေအများကြီးပါလို့ ပျော်ဝင်သွားဖို့ လုံလောက်တယ်။ ပြုံးနေလိုက်ပုံက သူ့ပါးလုံးလုံးလေးပေါ်က ပါးချိုင့်လေးတောင်ခွက်ဝင်လို့။ ရင်းနှီးပြီးသားမျက်နှာပေမဲ့ အသစ်အဆန်းတစ်ခုလို သူငေးနေမိတယ်။ ပြီးတော့ လူတစ်ယောက်ကို သတိရသွားတယ်။ သူ့ဆီမှာလဲ ဒီလိုအပြုံးမျိုးရှိတယ်။ ဒါပေမဲ့ ပိုပြီး ရူးကြောင်ကြောင်နိုင်ပြီး ပိုပြီးချစ်ဖို့ကောင်းနေတယ်။ သိုးတစ်ကောင်လိုပဲ။ ဘာမှမသိတတ်တဲ့ သိုး ကလေးလိုပဲ။

When what happens in VEGAS does not stay in VEGASDonde viven las historias. Descúbrelo ahora