ကျွန်တော် ချစ်သော လေပြည်ညင်း

43 5 3
                                    

Unicode
----------

အဲ့ဒီနေ့ ညနေက သူငယ်ချင်းတွေနဲ့  ဘောလုံးကန်မယ်ဆိုပြီး စုရပ်ကို ထွက်ခဲ့တဲ့အချိန်။

ဘယ်သိမလဲ ညနေဆည်းဆာမှာ လေတစ်လွင့်လွင့်တိုက်လို့ ဆံပင်တွေဝဲခါနေတဲ့ မျက်နှာတစ်ခုကို တွေ့ခဲ့ရလိမ့်မယ်လို့။ လေညင်းလေး ဖြေးဖြေးတိုက်နေတဲ့အချိန်မှာ အလှတရားတစ်ခုကို နှလုံးသားထဲများ ကောက်ထည့်ခဲ့လေသလား။

အချိန်တစ်ခုလောက်ကြာတဲ့ထိ ငေးကြည့်နေမိတာဟာ သူကတော့ အလှတရားကို ခံစားတတ်သူမို့ နေရောင်ခြည် ဟပ်နေတဲ့ မျက်နှာတစ်ခုဟာ သဘာဝဆန်တယ်လို့ ခံစားမိလို့ ငေးကြည့်မိတယ် လို့ပဲ အဓိပ္ပါယ်ဖွင့်ပါတယ်။

အမှတ်တမဲ့လေးပဲ။ ဒီတိုင်းပဲ ဖြတ်ကျော်သွားလိုက်တယ်။

ကံတရားဆိုတာကို ကိုယ့်ဘက်က တစ်ဖက်သတ်ကြီး သတ်မှတ်လိုက်မိသလားပဲ။

ဆယ်တန်းတက်မဲ့နှစ်မှာ ပြန်တွေ့ရတဲ့ သူဟာ ကိုယ့်ရဲ့ Guide ဆရာပါတဲ့လေ။

စတွေ့တုန်းကပဲလား။ ဘယ်အချိန်ကတည်းကမှန်းမသိ နှလုံးသားထဲ ထည့်မိခဲ့တဲ့ သူ့ကို "အစ်ကို" လို့ပဲ မြတ်မြတ်နိုးနိုး နာမ်စားလေးတပ်မိပါတယ်။ ဘယ်သူမှ မသိပဲလေ။

ငဂျစ်လုပ်ပြီး ဖြတ်သန်းမယ်ဆိုတဲ့ စာသင်နှစ်တစ်နှစ်ကိုလည်း အစ်ကို့ကြောင့် စာကောင်းကောင်းလုပ်ရမယ်လို့ တွေးတတ်နေပြီ။

သင်္ချာမှာ Guide လုပ်တဲ့ အစ်ကို့ကြောင့် သိပ်တော်တဲ့ သင်္ချာမှာလည်း မသိချင်ယောင်ဆောင်ပြီး ညံ့တတ်လာပြီ။ အနားနားမှာ ကပ်ထိုင်ရင်း စာရှင်းပြတတ်တဲ့ အစ်ကို့ လေသံအေးအေးနဲ့ ကိုယ်သင်းနံ့နွေးနွေးကိုလည်း သဘောကျလွန်းမက ကျတတ်လာပြီ။

"ညီ ဒါက မဟုတ်သေးဘူးလေကွာ အစ်ကိုရှင်းပြမယ် ဒီလိုလေး" လို့ဆိုပြီးများ စာရှင်းပြလာရင် နှလုံးသားလေးက သူ့သခင်ကို သိတဲ့အတိုင်းပဲ တစ်ဒုတ်ဒုတ်နဲ့ရယ်။ အခုန်ကို မပြတ်တော့ဘူး။ အစ်ကိုကနေ သူ့ကို 'ညီ' ရယ်လို့ခေါ်လိုက်တိုင်း ရင်ဘတ်ထဲမှာ ပန်းတွေပွင့်ပြီး သူ့တစ်ကမ္ဘာလုံး ပန်းတွေဝေနေရောရယ်။

ကျွန်တော်ချစ်သောလေပြည်ညင်းWhere stories live. Discover now