(Unicode)
"မင်းက ပါရမီ မပါဘူးပဲ"
တဘိုင်းဘိုင်း ချော်လဲနေတဲ့ ဆောနူနားကို ပတ်ဆောင်းဟွန်းက ရောက်လာပြီး လက်မောင်းကနေ ဆွဲထူကာ ထစေတယ်။ သူကတော့ အတင်း ရုန်းလိုက်တာပဲ။ ပတ်ဆောင်းဟွန်းကို သူ့ရဲ့ ဘယ်နေရာကိုမှ မထိစေချင်ဘူး။
ကိုယ့်ဟာကိုယ် ပြန်ထ၊ စကိတ်ကို ရေခဲပြင်ပေါ် ပြန်အရှိန်ယူစေပြီး ပတ်ဆောင်းဟွန်းနားကနေ ဝေးဝေးသွားတော့ ထပ်ပြီး ချော်လဲပြန်ရော။
"ကင်မ်သောနူ၊ ထပါကွာ၊ ကိုယ်သင်ပေးပါ့မယ်"
"မလိုဘူး၊ ငါ့ဟာငါ စီးလို့ရတယ်"
ပတ်ဆောင်းဟွန်းက ခေါင်းခါပြီး သူ့ကို ကျော်လို့ Rei ဆီ ရောက်သွားတဲ့အခါမှ သူ လေကို အားအပြင်းကြီးနဲ့ ရှူရှိုက်လိုက်တော့တယ်။
ညနေ စကိတ်စီးဖို့ ချိန်းထားတယ်ဆိုပြီး အစ်ကို ဂျုံဆောင်းဆီကနေ ဆွဲထုတ်လာတာက သူတို့ ၂ ယောက် date ကို ဘေးကနေ လိုက်ကြည့်ပေးဖို့ သက်သက်လားဆိုတာကို သူမေးကြည့်ချင်ပေမယ့် မမေးခဲ့ပါဘူး။ ဒီနေ့ ပတ်ဆောင်းဟွန်းရဲ့ မျက်လုံးတွေထဲမှာ ပျော်ရွှင်မှုတွေကို မြင်နေရတယ်။
ဆက်မကြည့်ချင်တော့ကြောင်းကို သူ့နှလုံးသားက ဆန္ဒပြတော့ မျက်စိတွေက ပူလာတယ်။ ပတ်ဆောင်းဟွန်းနဲ့ ပတ်သက်ရင် သူက အရာရာ ပျော့ညံ့နေတော့တာပဲ။ ဒါတွေကို မကြိုက်ဘူး။
နောက်တစ်ခါ ထပ်ပြီး စကိတ်စီးကြည့်ဖို့ပြင်တော့ အရင်ကထက် ပိုပြင်းတဲ့ အရှိန်တင်ပစ်လိုက်တာ ထပ်ပြီး ပြုတ်ကျတယ်။ ဒီတစ်ခါ အသံနည်းနည်းကျယ်သွားလို့ ထင်တယ် .. ပတ်ဆောင်းဟွန်းက အူယားဖားယားနဲ့ သူ့နားကို ပြေးလာတယ်။ နဂိုကတည်းက ပူနေတဲ့ မျက်စိက မျက်ရည်ကျရပြီ။
"နာသွားတာလား သောနူ"
"အေး .. နာတယ်၊ ရင်ဘတ်က နာတာ"
"ရင်ဘတ်ကြီးနဲ့ ကျတာကို နာမှာပေါ့"
"သောက်ငတုံးကောင် ပတ်ဆောင်းဟွန်း"လို့ စိတ်ထဲကနေ ကျိန်ဆဲပြီး ထရပ်လိုက်တော့ ပတ်ဆောင်းဟွန်းက သူငိုနေတာကို တွေ့သွားတယ်။
YOU ARE READING
Strawberries & Cigarettes | Sunsun |
FanfictionLong nights, daydreams .. Sugar and smoke rings, I've been a fool .. But strawberries and cigarettes always taste like you .. Headlights, on me .. Racing to 60, I've been a fool .. But strawberries and cigarettes always taste like ..