Prologue

2.7K 147 7
                                    

(Unicode)

လမ်းမီးရောင် ဝေဝါးဝါးတွေ ...
ညပိုင်းအချိန်ခါမှာ တိုက်ခတ်နေတဲ့ လေကြမ်းကြမ်းတွေ ...
ဖွါကနဲ လွင့်လွင့်ထွက်သွားတတ်တဲ့ သူ့ဆံပင်တွေ ...

ပြီးတော့ ထိုသူရဲ့ နှစ်လိုဖွယ်အပြုံးတွေ။

တစ်နာရီ ကီလိုဘယ်လောက်နဲ့ မောင်းနေမှန်းမသိနိုင်တဲ့ ကားပေါ်မှာ သူစိတ်လှုပ်ရှားစွာနဲ့ လိုက်ပါလာရင်း လက်ချောင်းလေးတွေကို ကားမှန်အပြင်ဘက်ကိုထုတ်လိုက်၊ ဖွင့်ထားတဲ့ သီချင်းကို ခပ်တိုးတိုးလေး လိုက်ညည်းလိုက်၊ ထိုသူရဲ့ သူ့ခေါင်းကို ပွတ်သပ်လာမယ့် လက်တွေကို ရှောင်လိုက်ရင်းနဲ့ပဲ ညဉ့်ဦးယံအချိန်တွေက သူ့ဘဝရဲ့ အပျော်ရွှင်ရဆုံး၊ အလိုလားဆုံးနေ့တွေဖြစ်လာခဲ့တယ်။

"ပတ်ဆောင်းဟွန်း .. ငါတို့က ဘာတွေလဲ ?"

"ကိုယ်တို့လား .. သူငယ်ချင်းတွေလေ"

ကင်မ်ဆောနူဟာ ပတ်ဆောင်းဟွန်းအတွက် သူငယ်ချင်းစည်းထဲ ပိတ်မိနေတဲ့ သူစိမ်းတစ်ဦးပဲ။ အရင်းနှီးဆုံး သူစိမ်းတွေဖြစ်ကြပြီး ဒီစည်းကိုကျော်ဖို့ ဆောနူဟာ ဘယ်သောအခါမှ ကြိုးစားမှာမဟုတ်ဘူး။

"ပတ်ဆောင်းဟွန်း .."

"ဟင်"

"မင်းက ငါ့ကို ရူးအောင် လုပ်နေတာပဲ"

သူဒီစကားကို တိုးတိုးလေးပြောလိုက်တာမလို့ ပတ်ဆောင်းဟွန်းကြားမယ်လည်းမထင်ပါဘူး။ အထူးသဖြင့် သူကလည်း မူးနေခဲ့တာလေ။ ပြီးတော့ သူ့ရင်ခုန်သံတွေကိုလည်း ပတ်ဆောင်းဟွန်းကို မသိစေချင်တော့ဘူး။

ကင်မ်ဆောနူဟာ ပတ်ဆောင်းဟွန်းကို ရူးလောက်အောင် သဘောကျနေတဲ့အကြောင်းကို တစ်သက်လုံး ထုတ်ပြောဖြစ်မှာ မဟုတ်တော့တဲ့ ပတ်ဆောင်းဟွန်းရဲ့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။

•••••

(A/N ; Slow update !)

(Zawgyi)

လမ္းမီးေရာင္ ေဝဝါးဝါးေတြ ...
ညပိုင္းအခ်ိန္ခါမွာ တိုက္ခတ္ေနတဲ့ ေလၾကမ္းၾကမ္းေတြ ...
ဖြါကနဲ လြင့္လြင့္ထြက္သြားတတ္တဲ့ သူ႔ဆံပင္ေတြ ...

ၿပီးေတာ့ ထိုသူရဲ႕ ႏွစ္လိုဖြယ္အၿပဳံးေတြ။

တစ္နာရီ ကီလိုဘယ္ေလာက္နဲ႔ ေမာင္းေနမွန္းမသိႏိုင္တဲ့ ကားေပၚမွာ သူစိတ္လႈပ္ရွားစြာနဲ႔ လိုက္ပါလာရင္း လက္ေခ်ာင္းေလးေတြကို ကားမွန္အျပင္ဘက္ကိုထုတ္လိုက္၊ ဖြင့္ထားတဲ့ သီခ်င္းကို ခပ္တိုးတိုးေလး လိုက္ညည္းလိုက္၊ ထိုသူရဲ႕ သူ႔ေခါင္းကို ပြတ္သပ္လာမယ့္ လက္ေတြကို ေရွာင္လိုက္ရင္းနဲ႔ပဲ ညဥ့္ဦးယံအခ်ိန္ေတြက သူ႔ဘဝရဲ႕ အေပ်ာ္႐ႊင္ရဆုံး၊ အလိုလားဆုံးေန႔ေတြျဖစ္လာခဲ့တယ္။

"ပတ္ေဆာင္းဟြန္း .. ငါတို႔က ဘာေတြလဲ ?"

"ကိုယ္တို႔လား .. သူငယ္ခ်င္းေတြေလ"

ကင္မ္ေဆာႏူဟာ ပတ္ေဆာင္းဟြန္းအတြက္ သူငယ္ခ်င္းစည္းထဲ ပိတ္မိေနတဲ့ သူစိမ္းတစ္ဦးပဲ။ အရင္းႏွီးဆုံး သူစိမ္းေတြျဖစ္ၾကၿပီး ဒီစည္းကိုေက်ာ္ဖို႔ ေဆာႏူဟာ ဘယ္ေသာအခါမွ ႀကိဳးစားမွာမဟုတ္ဘူး။

"ပတ္ေဆာင္းဟြန္း .."

"ဟင္"

"မင္းက ငါ့ကို ႐ူးေအာင္ လုပ္ေနတာပဲ"

သူဒီစကားကို တိုးတိုးေလးေျပာလိုက္တာမလို႔ ပတ္ေဆာင္းဟြန္းၾကားမယ္လည္းမထင္ပါဘူး။ အထူးသျဖင့္ သူကလည္း မူးေနခဲ့တာေလ။ ၿပီးေတာ့ သူ႔ရင္ခုန္သံေတြကိုလည္း ပတ္ေဆာင္းဟြန္းကို မသိေစခ်င္ေတာ့ဘူး။

ကင္မ္ေဆာႏူဟာ ပတ္ေဆာင္းဟြန္းကို ႐ူးေလာက္ေအာင္ သေဘာက်ေနတဲ့အေၾကာင္းကို တစ္သက္လုံး ထုတ္ေျပာျဖစ္မွာ မဟုတ္ေတာ့တဲ့ ပတ္ေဆာင္းဟြန္းရဲ႕ ငယ္သူငယ္ခ်င္းျဖစ္ပါတယ္။

•••••

Strawberries & Cigarettes | Sunsun |Where stories live. Discover now