(Unicode)
ပတ်ဆောင်းဟွန်းကို သဘောကျမိတဲ့ခံစားချက်က စတော်ဘယ်ရီစားပြီးတဲ့အချိန်မှာ စီးကရက်သောက်လိုက်ရသလိုမျိုးပဲ။ ချိုမြလွန်းတဲ့ စတော်ဘယ်ရီကိုတော့ သူ စားနေကျပေမယ့် စီးကရက်ရဲ့အရသာကို သူသေချာမသိပါဘူး။ ဒါပေမယ့် ဘာလို့ တပ်အပ်ပြောနိုင်ရလဲဆိုတာက အကြောင်းရှိတယ်။
ပတ်ဆောင်းဟွန်းကတော့ စီးကရက်သောက်ရတာက လည်ချောင်းထဲကို ပူဆင်းအက်ရှသွားတတ်တဲ့ ခံစားချက်မျိုးလို့ ပြောပြဖူးတယ်။ သူမယုံလို့ ပတ်ဆောင်းဟွန်း ရှိုက်လက်စ စီးကရက်ကို အတင်းယူရှိုက်လိုက်တော့ သီးသွားခဲ့တဲ့အချိန်မှာ ပတ်ဆောင်းဟွန်းက အထိတ်တလန့်နဲ့ သူ့ကို ဆူတော့တာပဲ။ သူ့ပစ္စည်းကို ထိတာမကြိုက်တဲ့ ပတ်ဆောင်းဟွန်းခမျာမှာ စိတ်တိုလွန်းလို့ မျက်ရည်ပါ ဝဲသွားတဲ့အထိလေ။
ဒီလိုပါပဲ .. ပတ်ဆောင်းဟွန်းကို သဘောကျရတာက သိပ်လည်း ကြည်နူးဖို့ကောင်းသလို သိပ်လည်း မုန်းတီးဖို့ကောင်းတယ်။ ဒါပေမယ့် ကင်မ်ဆောနူအတွက်တော့ ဒီလိုခံစားချက်တွေနဲ့ နေထိုင်ရှင်သန်နေရတာ အသားကျနေခဲ့ပြီဖြစ်ပါတယ်။
•••••
"ကင်မ်ဆောနူ .. ဒီ့ထက်နောက်ကျအောင်အိပ်နေရင် မင်းကျောင်းမမှီပဲနေမယ်"
" .. "
"ကင်မ်ဆောနူ !"
အော်ဟစ်သံအဆုံးမှာ ဖြစ်လာတော့မယ့် တစ်စုံတစ်ခုကို သူမခံစားနိုင်တာကြောင့် အိပ်မှုံစုပ်ဖွားနဲ့ပဲ မြန်မြန်ငုတ်တုပ်ထထိုင်လိုက်ရတယ်။
"ယန်းဂျောင်ဝန်း ! မင်း အဲ့မှာပဲ ရပ်နေ၊ ရှေ့ဆက်တိုးမလာနဲ့"
ကြိုအော်ထားလိုက်လို့သာ တော်သေးတာ။ ဂျောင်ဝန်းက သူ့အခန်းရှေ့ကို ရောက်ပြီး လက်တပြင်ပြင်ဖြစ်နေပြီ။ သူမထမချင်း သူ့တင်ပါးကို ရိုက်နှိုးမယ့် ယန်းဂျောင်ဝန်းအကြောင်းကို သူကောင်းကောင်းသိတယ်။
"ကျောင်းပြန်တက်ရမယ့်နေ့မလို့ နောက်မကျစေချင်ဘူးလေကွာ၊ ပြီးတော့ ပတ်ဆောင်းဟွန်းလာခေါ်တဲ့အခါ နောက်ကျရင် မကောင်းဘူး"
ESTÁS LEYENDO
Strawberries & Cigarettes | Sunsun |
FanficLong nights, daydreams .. Sugar and smoke rings, I've been a fool .. But strawberries and cigarettes always taste like you .. Headlights, on me .. Racing to 60, I've been a fool .. But strawberries and cigarettes always taste like ..