အခန်း (၅) - အလုပ်ခရီး (၁)

486 88 10
                                    

[Unicode]

"ဘာဖြစ်တာလဲ? မင်းရဲ့ အိမ်ငှားစာချုပ် သက်တမ်းကုန်တော့မှာလား?"

Luke က သူ့ခေါက်ဆွဲခက်ရင်းအပြည့်တစ်လုတ်ကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး ပလုပ်ပလောင်းနှင့် မေးလာခဲ့၏။

"ငါမင်းကို သိပ်မမြင်ဖူးတာ ဆန်းတော့လည်း မဆန်းပါဘူး.. မင်းကမှ ကျောင်းဘက်ကို သိပ်မရောက်ဖြစ်တာ.. ဟုတ်တယ်မလား?"

ယန့်ဆွေကျီးက ခေါင်းငြိမ့်ပြလိုက်ပြီး

"ဟုတ်တယ်.. ငါသိပ်မရောက်ဖြစ်ဘူး.."

-

Maze တက္ကသိုလ်တွင် 'အထင်ကရ ခန်းမဆောင်' တစ်ခုရှိ၏။ Maze တက္ကသိုလ်သည် ထိပ်တန်းအဆင့် ကျောင်းတစ်ခုဖြစ်လေရာ ထုံးစံအတိုင်း ကျောင်းသားဟောင်းများလည်း တပုံတပင်နှင့်ပင်။ အကယ်၍ တစ်ဦးတစ်ယောက်၏ အမည်နာမကို အထင်ကရ ခန်းမဆောင်အတွင်း ဖော်ပြခြင်းခံလိုက်ရပြီး ကျောင်း၏ သမိုင်းရာဇဝင်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ခွင့် ရသွားပြီဆိုလျှင် ၎င်းသည်ကား တကယ့်ကို ဂုဏ်ယူစရာ အတိဖြစ်၏။

ယန့်ဆွေကျီး၏ ဓာတ်ပုံမှာတော့ လွန်ခဲ့သော နှစ်ပေါင်းအနည်းငယ်ကတည်းက ဥပဒေဌာန၏ အထင်ကရ ခန်းမဆောင်အတွင်း အခြား သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အို အထင်ကရပုဂ္ဂိုလ်များ ဝန်းရံလျက် ချိတ်ဆွဲခံထားရပြီးဖြစ်လေသည်။ သူ့ဓာတ်ပုံက အနည်းငယ် တမူထူးကာ ပြိုင်ဘက်ကင်း ထင်ရှားသည့် စတိုင်မျိုးပင်။ သံသယဝင်စရာမလိုဘဲ သူသည်ကား အထင်ကရ ခန်းမဆောင်ထဲရှိ အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်၏။

ထို့​ပြင် သူဟာ အစောဆုံး ကွယ်လွန်သွားရသူလည်း ဖြစ်ပြန်ပါသည်။

ယင်းဓာတ်ပုံကိုလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အသုံးပြုရန်အတွက် သွားလေသူများ၏ အထင်ကရ ခန်းမ အတွင်း ရွှေ့ပြောင်းချိတ်ဆွဲပြီး ဖြစ်ကောင်း​ြဖစ်နိုင်ပါ၏။

ထိုသို့သော အကြောင်းချင်းရာများကို အလေးအနက်ထား စဥ်းစားမနေသင့်တော့ပါပေ။ တွေးကြည့်ရုံနှင့်တင် ဗိုက်ထဲ မအီမသာဖြစ်လာနိုင်သောကြောင့်ပင်။

တိုတိုပြောရလျှင် အထင်ကရ ခန်းမဆောင်နှင့် ဆက်နွယ်နေသူဖြစ်ခြင်းကြောင့် သူ့ဘဝ တစ်လျှောက်လုံးဟာဖြင့် ကြွယ်ဝချမ်းသာသလို အလွန်တရာမှလည်း အလုပ်များလှ၏။ သူက 'ဌာနမှူး' ဆိုသည့် ရာထူးကို ရရှိထားသူဖြစ်ပြီး သူ့စိတ်ကြိုက် ဒီဇိုင်းထုတ်ထားသော ရုံးခန်းကျယ်ကြီးတစ်ခု ရှိနေပါသော်လည်း တကယ်တော့ သူဟာ Maze တက္ကသိုလ်အတွင်း နေရသည့်အချိန်ရယ်လို့ သိပ်မရှိလှပေ။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Where stories live. Discover now