အခန်း (၁၈) - သက်သေ (၁)

473 64 1
                                    

[Unicode]

သူ့လက်ဒဏ်ရာကြောင့် Joshua Dale ၏ နေ့စဉ်ဘဝဟာလည်း သိပ်အဆင်ပြေမနေခဲ့ပါချေ။ သူ့တစ်ကိုယ်ရည်တစ်ကာယအတွက်ပဲဆိုလျှင်တော့ သူကောင်းကောင်း ဖြေရှင်းနိုင်မည်ဖြစ်သော်ငြား သူ့မှာက ကျန်းမာရေးမကောင်းသေးသည့် ညီမလေး Rosie Dale ကလည်း ရှိနေသေးသည်မို့ သူ့လုပ်ဆောင်နိုင်စွမ်းတို့ထက် ကျော်လွန်နေခဲ့လေသည်။

အိမ်ဟောင်းလေးထဲ၌ မောင်နှမနှစ်ယောက်သား အစာငတ်သေဆုံးရမည့် ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီးကို ​ရှောင်ရှားနိုင်ရန်အလို့ငှာ သူတို့အား ယန့်ဆွေကျီးနှင့် ကုရန့်တို့ တည်းခိုနေသော ဟိုတယ်၌ နောက်ရက်အနည်းငယ်ထိ နေစေခဲ့၏။

အာမခံနှင့် လွှတ်ပေးထားသည့် ကာလအတွင်း Joshua Dale ဟာ ကန့်သတ်ချက်ပေါင်းများစွာကို လိုက်နာရလေသည်။ သူနေထိုင်ရာ မြို့တော်၏ ဧရိယာအတွင်းမှ စိတ်ကြိုက်ထွက်ခွာခွင့်မရှိသလို နစ်နာသူများ၊ မျက်မြင်သက်သေများနှင့်လည်း တွေ့ဆုံခွင့် မရှိ။

ဟိုနေ့က သူတို့ကို ရေနွေးပူနှင့် ပက်ခဲ့သည့် လူငယ်လေးလိုမျိုး နစ်နာသူ မဒမ် Kitty Bell ၏ ဆွေမျိုးသားချင်းများပင်လျှင် ခွင့်ပြုချက်မရှိဘဲ သူနှင့်မတွေ့နိုင်ပါချေ။

သို့သော်လည်း သူ့ရှေ့နေနှင့် တွေ့ဆုံခွင့်ရှိသည့် အချိန်ကတော့ အကန့်အသတ်မရှိခဲ့။

ဒုန်း ဒုန်း ဒုန်း -

ယန့်ဆွေကျီး၏ အခန်းတံခါးမှ အသံမြည်လာခဲ့သည်။

သည်လို ခပ်ရိုင်းရိုင်း တံခါးခေါက်သည့်ပုံစံအရ တံခါးနောက်မှာရှိသူဟာ Joshua Dale မှလွဲ၍ အခြားသူ မဖြစ်နိုင်ပေ။

ယန့်ဆွေကျီးက ပြတင်းပေါက်နားရှိ ကုလားထိုင်တွင်ထိုင်ကာ ဒဏ်ရာရထားသော ခြေထောက်ကို အနားပေးနေချိန်ဖြစ်၏။ သူ့လက်တစ်ဖက်က ေမးထောက်ထားရင်း အမှုဖိုင်တွဲကို အေးဆေးတည်ငြိမ်စွာ ဖတ်ရှုလို့ နေလျက်။

အသံကြားချိန်မှာတော့ သူဟာ မော့ပင်မကြည့်ဘဲနှင့် ပြောလိုက်သည်။

"ဝင်ခဲ့"

သူ့ယခုအပြုအမူက ဌာနမှူးရုံးခန်းမှာတုန်းက ပုံစံအတိုင်း တစ်ထေရာတည်းပင်။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Donde viven las historias. Descúbrelo ahora