အခန်း (၂၇) - Joshua Dale အမှု (၂)

393 48 2
                                    

[Unicode]

မှန်ကာထားသည့် နေရာကျဉ်းကျဉ်းလေးထဲမှာ ထိုင်နေသော Joshua Dale ကတော့ လက်ဟန်အမူအရာ၏ အဓိပ္ပါယ်ကို ချက်ချင်း နားမလည်နိုင်ဘဲ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သဘောမပေါက်ခဲ့ပါချေ။ သူက ကုရန့်ကိုသာ ရတက်မအေးစွာနှင့် ကြောင်အမ်းအမ်း စိုက်ကြည့်နေခဲ့မိ၏။

ယင်းက တရားသူကြီး Murray Liu ထံမှ စကားသံကို ကြားလိုက်ရချိန်အထိပင်။

"​ရှေ့နေကု၊ ကနဦးလျှောက်လဲချက်ကို တင်ပြဖို့ တကယ်ပဲ ငြင်းဆိုလိုက်တာလား?"

Joshua Dale : "............................."

သူ့ဘောင်းဘီခါးစည်းကြိုးတွင် ချည်နှောင်ထားရသော နှလုံးသားလေးဟာ ရုတ်တရက် ကြိုးပြတ်ပြီး မြေပေါ်ပြုတ်ကျသွားရသလို၊ တစ်ယောက်ယောက်က ကန်ကြောက်လိုက်သဖြင့် အဝေးသို့ လိမ့်ထွက်သွားလေသလို ခံစားလိုက်ရ၏။ သူ့ပါးစပ်ကို ဖြည်းညင်းစွာ ဖွင့်လိုက်သည့်တိုင် သူ့ဦးနှောက်သိစိတ်များကတော့ အလုံးစုံ ပေါက်ကွဲပျက်စီးသွားပြီးသယောင်နှင့်။

ကနဦးလျှောက်လဲချက်ကို ငြင်းဆိုတယ်?!

ခင်ဗျား ကျုပ်ကို လာနောက်နေတာလား?

သူဟာ အရာရာတိုင်းကို နှိုက်နှိုက်ချွတ်ချွတ် နားမလည်သော်လည်း တရားရုံးလိုနေရာမျိုး၌ အမြဲတစေ အတွန်းအတိုက်ရှိတတ်ကြောင်းကိုတော့ သိထားပြီးသားပင်။ အကယ်၍ သူ့ဘက်က ငါးမှတ်ဖိုး ပြောဆိုလိုက်လျှင် ကိုယ့်ဘက်ကလည်း ငါးမှတ်စာ ပြန်လည်ချေပရပေမည်။ သို့မှသာ ဤအချေအတင် စကားစစ်ထိုးမှုအတွင်း ဆက်လက်တိုက်ပွဲဝင်ရန် ယုံကြည်ချက်ရှိနေလိမ့်မည်ဖြစ်၏။ ဒါပေမယ့် သူ့ရှေ့နေကတော့ မတ်တပ်ရပ်လိုက်ပြီးတာနဲ့ ဒီတစ်လှည့်ကို လက်လျှော့လိုက်ပြီတဲ့လား?

လက်ထဲတွင် စာရွက်စာတမ်းများ ကိုင်လျက် တရားခွင်ကို လာရောက်လေ့လာစောင့်ကြည့်နေကြသူများသည်လည်း ငါးစက္ကန့်လောက်ကြာအောင် တိတ်ဆိတ်ခြင်းအတိသို့ ရောက်ရှိသွားလျက်။ ထို့နောက်မှသာ ရုတ်တရက်ကြီး ဆွေးနွေးပြောဆိုသံများ ကျွက်ကျွက်ညံစွာ ထွက်ပေါ်လာလေတော့သည်။

ပထမတန်းရှေ့နေ〖မြန်မာဘာသာပြန်〗Donde viven las historias. Descúbrelo ahora