_1_

715 51 9
                                    

- ဘာာာ ငါးနှစ်ကလေးကငါ့ကိုလက်ထပ်မယ်? -

Jeff ကအသက်15နှစ်ရှိပြီးဖြစ်တဲ့အလယ်တန်းကျောင်းသားတစ်ယောက်
အခုစာသင်းခန်းနောက်ဆုံးခုံမှာထိုင်ရင် သင်္ချာဆရာမစာသင်နေတာကို စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေတယ်

"ဟေ့ Jeff Jeff ဆရာမအခုသင်နေတာဘယ်အခန်းလဲ "

တချိန်လုံးအိပ်နေပီးအတန်းဆင်းခါနီးမှအိပ်ချင်းမူးတူးနဲ့ထမေးတဲ့ သတောင့်သား ကိုနှစ်ချက်လောက်ဖြတ်ရိုက်ပစ်လိုက်ချင်တယ် ရုပ်ကိုက..

"မသိဘူး သိချင်ရင်ဆရာမကိုမေးလိုက် "

" အဲ့လိုသွားမေးတော့ ဆူမှာပေါ့ဟ အပျိုကြီးတွေကအစထဲကပစိပစပ်များများနဲ့ "

" အိပ်တုန်းကအိပ်နေပြီးတော့ "

"မင်းလဲကြည့်သာကြည့်နေတာ ဘယ်အခန်းလဲမသိဘူးမလား"

" မရှည်နဲ့ "

"ဟမ့် "

သူတို့နှစ်ယောက်စကားပြောနေရင်သင်္ချာသင်နေသောဆရာမအပျိုကြီးထံမှ အသံကြီးဟိန်းထွက်လာသည်
လိပ်ပြာလေးရေ ကလူ ကလူ

"Jeff နဲ့ Bible နှစ်ယောက်လုံးခုံပေါ်တပ်လက်မြှောက်ထားကြ
ဘယ့်နှယ် အရှေ့ကအာပေါက်မတက်သက်နေတာကိုသေချာလိုက်မကြည့်ကြဘူး ဟမ်နင်တို့နှစ်ယောက်စကားများနေကြတယ် အခန်းထဲများကျောင်းသား 46ယောက်ရှိရင် အဆင့်45နဲ့46ကိုတယောက်တစ်လှည်ယူနေကြတဲ့ ဘလာ ဘာလာ ဘလာ "

ဆရာမအပျိုကြီးရဲ့ဆုံးမဩဝါဒအဆုံးမှာနောက်ဆုံးတော့အတန်ဆင်းသွားခဲ့ပြီ

မုန့်စားကျောင်းဆင်းသွားပြီမို့အတန်းထဲမှာဘယ်သူမှမရှိကြ
Jeff တို့နှစ်ယောက်လဲအပြင်ထွက်မယ်ပြင်တော့ အခန်းပေါက်ဝမှာရောက်နေတဲ့ ကလေးတစ်ယောက် ပြောရရင်မူလတန်းဘက်ကကလေးလေး

Jeff ကိုလဲမြင်ရော အခန်းထဲလုံးလုံး လုံးလုံးနဲ့ပြေးဝင်လာပြီး
Jeff ရဲ့လက်ကိုလာဆွဲပြီး ပြောလိုက်တဲ့စကားကခေါင်းပေါ်မိုးကြိုးအစင်းတစ်ရာလောက်ပစ်သွားသလိုပဲ

 • ᴄʜɪʟʟɪ ᴄᴀɴᴅʏ ❥︎. [ᴄᴏᴍᴘʟᴇᴛᴇᴅ]Onde histórias criam vida. Descubra agora