_စီစဉ်စရာတွေအများကြီးရှိသေးတယ်_
" ကဲ ဒါဆိုရက်ကိုဒီရက်ပဲသတ်မှတ်လိုက်ကြတာပေါ့ "
" ကောင်းပါပြီရှင် "
" အမတို့ဘက်ကရောတခြားဘာများဖြည့်စွက်ချင်သေးလဲဗျ "
" မင်္ဂလာရက်နဲ့ပတ်သက်ပြီးဘာမှပြောစရာမရှိပါဘူး ရက်ကောင်းလေးကိုရွေးထားတာဘဲ ဪ ဒါနဲ့ခန်းမနေရာနဲ့အစီစဉ်အတွက်အဆင်သင့်ဖြစ်နေပါပြီ သားတို့ကိုစိတ်တိုင်းကျမကျသွားကြည့်ခိုင်းထားတယ် "
.............
" ကိုကို ဒီကအပြန်လက်စွပ်ေရွးဖို့တခါတည်းသွားကြမလား "
" အင်း ဘေဘီ့သဘော
ခန်းမနေရာကလဲMaeစီစဉ်ထားတာအဆင်ပြေတယ်နော် ဘေဘီဘယ်လိုထင်လဲ "" သဘောကျတယ်ကိုကို ကိုကို့မေမေကအမြင်ရှိတယ် ရှယ်လှပဲ ဟီးးးးး"
" ကိုယ့်သတို့သားလောင်းလေးကပျော်နေတယ်ပေါ့ "
" ပျော်တာပေါ့ကိုကိုရဲ့ ကိုကိုကသားအပိုင်ဖြစ်လာတော့မှာလေ "
" အခုလဲကိုယ်ကဘေဘီအပိုင့်ပဲလေကလေးရဲ့"
" ဟုတ်တော့ဟုတ်တာပေါ့ ဒါပေမယ့်အခုကတရားဝင်ဆိုင်သူဖြစ်တော့မှာမို့ပေါ့ဗျ ကိုကို့ကိုငမ်းနေတဲ့သူတို့ရှေ့သွားပြီး 'ဒါငါ့ယောက်ျား' လို့ပြောပစ်လို့ရတော့မှာ ဟီးဟီး "
" အလည်လေးကွာ "
" အဲ့အလည်လေးက ကိုကို့ကိုသိပ်ချစ်တာလေ "
" ကိုကိုကလဲသိပ်ချစ်တာ အများကြီးချစ်တာ ဒီဘေဘီလေးကို "
..................
" မင်္ဂလာပါရှင် အကိုတို့ဘာများအလိုရှိသလဲရှင့် "
" လက်စွပ်ပါ Wedding Rings မျိုး "
" ဟုတ်ကဲ့ရှင့် ညီမတို့ဆီမှာ ဒီဇိုင်းမျိုးစုံရှိပါတယ် အကိုတို့စိတ်ကြိုက်ဒီဇိုင်းကိုလဲ အော်ဒါမှာထားလို့ရပါတယ် "
ဝန်ထမ်းကောင်မလေးပြောတာကြားတော့Jeffအတွေးတစ်ခုရသွားတယ် သူနဲ့ဘေဘီအတွက် ကမ္ဘာပေါ်မှာနောက်ထပ်မရှိနိုင်တော့မယ့်မင်္ဂလာလက်စွပ်လေးကို သူကိုယ့်တိုင်ဒီဇိုင်းဆွဲမယ်
အဖိုးတန်အမှတ်တရလေးအဖြစ်ဖန်တီးပေးချင်တယ်
ŞİMDİ OKUDUĞUN
• ᴄʜɪʟʟɪ ᴄᴀɴᴅʏ ❥︎. [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Hayran Kurgu" ကိုကို ကိုကို သားကိုကို့ကိုလပ်ထပ်မယ်သိလား " "ဘာာာ" JeffBarcode 1st creation August 10 - October 10