_ကိုကို့မေမေကသားတို့ကိုသဘောတူလိုက်ပြီ _
မင်္ဂလာပါဗျ သားနာမည်က Barcode Tinnasit Isarapongpornပါ Isarapongpornမိသားစုရဲ့အငယ်ဆုံးသားဖြစ်သလို အမွှေတွေအားလုံးကိုဆက်ခံရမယ်သခင်လေးဆိုလဲဟုတ်ပါတယ် ဒါပေမယ့်သားအသက်ငါးနှစ်ပြည့်တဲ့ပထမဆုံးရက်မှာပဲ အချစ်စစ်ကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်ဗျ
ပြောပြရမယ်ဆိုအဲ့နေ့ကသားအသက်ပြည့်လို့ကျောင်းစတက်ရမယ့်နေ့ပေါ့ဗျာ
Isarapongpornအိမ်တော်၌-" ဒေါက် ဒေါက် ဒေါက်
သခင်လေးခဗျ မနက်စာစားဖို့အဆင်သင့်ဖြစ်နေပါပြီ ပြီးရင်ကျောင်းသွားဖို့အောက်ထက်မှာ သခင်ကြီးနဲ့ သခင်မကြီးတို့စောင့်နေကြပါတယ် "" အွန်း အွန်း လာခဲ့မယ် "
ဒီနေ့ပထမဆုံးကျောင်းတက်ရမယ့်နေ့မို့ လုံးဝကိုခန့်ညားနေမှာဖြစ်မယ်
ကျောင်းဝတ်စုံဝတ်ပြီးမှန်ရှေ့မှာရပ်နေတဲ့ ကလေးတစ်ယောက် မှန်ထဲကသူ့ကိုယ်သူကြည့်ရင်းကျေနပ်ပြုံးပြုံးပြီး"အားပါးပါးချောလိုက်တဲ့ငါလေးပါလား"
ကြောင်လိမ်လှေကားကနေဆင်းလာပြီး ထမင်းစားခန်းထဲတန်းဝင်သွားတဲ့ ပေါက်စလေးက Isarapongpornအိမ်တော်ရဲ့အသည်းကျော်အဖိုးတန်ရတနာလေး Barcode Tinnasitလေးပါပဲ
အိမ်ထိန်းတွေကတော့ ထိုလူကြီးပေါက်စလေးကိုအသဲတယားယား" ပါပါး သားအဆင်သင့်ဖြစ်ပြီ "
" ကျောင်းမှာ စာကိုသေချာလိုက်သင်ရမယ်နော် သားကအိမ်တော်ရဲ့သခင်လေးဆိုတော့ပညာရေးကအရကြီးတာသိတယ်မဟုတ်လား "
" သားသိပါတယ် ပါပါးရဲ့ သားက ကလေးမဟာတ်တော့ပါဘူး "
"အမလေးရှင် အခုမှ5နှစ်ပြည့်ထားတာကိုလူကြီးလေးလုပ်ချင်နေပြီလား "
သခင်မကြီးကသားဖြစ်သူကိုအသဲယားစွာဝင်ပြောလိုက်တယ်" မားကလဲ သားကလူကြီးဖြစ်နေပါပြီ ဒီမှာကြည့် သားဘယ်လောက်ခန့်ညားလဲဆိုတာ "
မူလတန်းဝတ်စုံလေးနဲ့ဟန်ပန်တွေထုတ်ပြနေလဲ ပါးဖောင်းဖောင်းကြီးနှစ်ဖက်ကြောင့် သူကချစ်ဖို့ကောင်းတဲ့ကလေးဆိုတာလိမ်ညာလို့မရပါဘူး" ကဲ ကဲ စားပြီးရင်ကျောင်းလိုက်ပို့မယ် နောက်ရက်တွေကျ အိမ်ထိန်းနဲ့ ဘော်ဒီဂတ်သုံးယောက်ထည့်ပေးလိုက်မယ် "
![](https://img.wattpad.com/cover/318831658-288-k989616.jpg)
VOCÊ ESTÁ LENDO
• ᴄʜɪʟʟɪ ᴄᴀɴᴅʏ ❥︎. [ᴄᴏᴍᴘʟᴇᴛᴇᴅ]
Fanfic" ကိုကို ကိုကို သားကိုကို့ကိုလပ်ထပ်မယ်သိလား " "ဘာာာ" JeffBarcode 1st creation August 10 - October 10