~ ၄ ~

174 16 10
                                    

[ Unicode ]
-----------------

မိုးရေစက်တို့ခိုတွဲနေသောအုန်းလက်ကိုင်းများဟာ လေယူရာသို့လှုပ်ခါယိမ်းနွဲ့လျှက် ။ တဝေါဝေါညာသံပေးပြီးစိတ်ရှိလက်ရှိရွာချခဲ့တာသူမဟုတ်တဲ့မိုးသည်လည်း ယခုတော့ဖွားတားတားလေးသာကျနေပါပြီ ။ နေရောင်ခြည်ထွက်မလာသေးတဲ့မှိုင်းညို့ညို့ကောင်းကင်ပြင်က ပတ်ဝန်းကျင်တစ်ခွင်လုံးကိုအေးစိမ့်သောလေထုအောက်တွင်လွှမ်းခြုံထားလို့ပေါ့ ။ တပေါက်ပေါက်ကျနေတဲ့ခေါင်မိုးပေါ်မှမိုးရေစက်သံကိုနားစွင့်ထားရင်း ပျင်းရိလေးတွဲစွာပြတင်းပေါက်ဘောင်ကိုမေးတင်ပြီးငေးနေမိသည် ။

မိုးရေချိုးခွင့်မပေးတဲ့ဖေကြီးကြောင့် မြင်သာမြင်မကြင်ရသလိုစဲသွားပြီဖြစ်သောမိုးကိုသာငြူစူစိတ်ကလေးနဲ့ကြည့်ရင်း အသံတိတ်မကျေမနပ်ဖြစ်နေသူကနက်ရိူင်းစေပါပဲ ။

ရာသီဥတုတွေထဲမှာ သူဟာမိုးရာသီကိုအကြိုက်ဆုံး ။

သူ့သူငယ်ချင်းတွေကော လူကြီးတွေအများစုကကော စိုထိုင်းထိုင်းနဲ့စိတ်ကသိကအောက်ဖြစ်ရတဲ့မိုးတွင်းကိုသဘောမကျကြ ။ အပြင်ထွက်ရလည်းခက် ထီးတကိုင်ကိုင်နဲ့အလုပ်ရူပ်စေပြီး မခန့်မသင့်ရင်လူကိုပါဖျားနာတတ်စေသောမိုးဟာ ဖေကြီးနှင့်မေကြီးကိုတောင်နှစ်ခြိုက်ခွင့်မပေး ။ သူတစ်ယောက်တည်းပဲ မိုးစက်တွေကိုချစ်တာနေမယ်လို့တစ်ခါတစ်ရံတွေးမိပါသေး၏ ။

အထူးသဖြင့် မိုးရေထဲမှာပြေးလွှားဆော့ကစားရင်း မိုးရေချိုးရတာကသူ့ရဲ့အကြိုက်ဆုံးဝါသနာလို့ပြောရမည် ။ မိုးရေထဲရောက်နေပြီဆိုရင် တော်ရုံနဲ့အိမ်ပေါ်ပြန်မတက်တော့ ။ ဒါကိုဖေကြီးကသိ၍ ဒီတစ်ခေါက်တွင်သူ့ကိုမိုးရေပေးမချိုးပါ ။ အပ်ကလေးများလိုတဖျောက်ဖျောက်ကျနေတဲ့ရေစတွေဆီစိုက်ကြည့်နေဆဲ အပြင်ထွက်ခွင့်မရသောသူ့ထံသို့မိုးစက်လေးတွေကနေတဆင့် သူ့ဘဝထဲကိုအဖိုးတန်လူသားတစ်ချို့အားခေါ်ဆောင်လာပေးခဲ့လေသည် ။

မိုးရေတွေလိုပဲသူ့အနားမှာတစ်သက်လုံးရှိနေပေးမဲ့လူသားတွေမှန်း ထိုအချိန်တုန်းကတော့မသိရှိခဲ့ပေ ။

" ကိုစေ "

" ဗျာ "

" ဒီနေ့ပဲအောက်ထပ်ကိုလူသစ်တွေပြောင်းလာတယ်သားရဲ့ … သားအရွယ်ကလေးတွေလည်းပါကြသေးတယ် … ကိုစေကတော့အဖော်သစ်တွေတိုးပြီ "

ဝေး ( ongoing ) ေဝးWhere stories live. Discover now